မြဝတီ-မဲဆောက်မှာ ထိုင်းဘတ်ငွေတစ်ထောင်ဘတ်တန်အတုတွေတွေ့ရှိနေလို့ စစ်ဆေးပြီးမှ လက်ခံ ရောင်းဝယ်နေရ
ဇွန် ၈၊ ၂၀၂၆ ထိုင်း−မြန်မာနယ်စပ် မြဝတီမြို့နဲ့မဲဆောက်မြို့ဘက်မှာ အခုတလောထိုင်းဘတ်ငွေတစ်ထောင်ဘတ်တန် ငွေစက္ကူများအတုတွေ့ရှိမှုရှိလာတာကြောင့် စတိုးဆိုင်၊ ကုန်တိုက်နဲ့ အပြင်လက်လီ၊ လက္ကားကုန်ပစ္စည်းမျိုးစုံအရောင်းဆိုင်တွေမှာ ငွေအတုအစစ် စမ်းသပ်ပြီးမှ အရောင်းအဝယ်လုပ်ကြတဲ့ အခြေအနေရှိလာနေတယ်လို့ လက်လီဈေးဆိုင်ရှင်တွေက PRMကိုပြောပါတယ်။ အရင်လပိုင်းတွေက မဲဆောက်မြို့ဘက်မှာသာ ဘတ်တစ်ထောင်တန်ငွေစက္ကူနဲ့…










