အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိင်တောင်ငူရောက်နေချိန် ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်ခံရ

By – ထက်မြတ်
Date – June 7, 2026

ပဲခူးတိုင်း ၊ တောင်ငူ မဆရ ၃ စစ်ဆေးရုံး နဲ့ ကေတုမတီလေတပ်ထဲရှိ အစည်းအဝေးခန်းမကို ကာကွယ်ရေးတပ်က ရှော့တိုက်ဒုံး နဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို Brave Warriors for Myanmar တပ်ဖွဲဆီ ကသိရပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်း မင်းအောင်လှိင်ဟာ တောင်ငူဘက်ကိုလာရောက်မယ်လို ကာကွယ်ရေးတပ်က သတင်းကြားသိထားတဲ့အတွက် ဇွန်လ ၆ ရက် ညနေ ၄ နာရီ ၂၅ မိနစ်လောက်မှာ အဆိုပါ အစည်းအဝေးခန်းမထဲကို ၁၀၇မမရှော့တိုက်ဒုံး ၄ လုံး နဲ့ ပစ်ခတ်ခဲ့တယ်လိုဆိုပါတယ်။

“ပစ်တဲ့အချိန်မှာ မအလ တောင်ငူမှာရှိတာသေချာတဲ့အကြောင်းရယ် ၊ လေတပ်ဝင်းထဲလာမယ်ဆိုတာလည်း သေချာကြောင်းသတင်းအတိအကျရထားပါတယ်။သူမလာခင်ကတည်းက အဲ့ဘက်တကျောမှာစစ်ကြောင်းတွေ အထပ်ထပ်ထိုးနေတာ”လို Brave Warriors for Myanmar တပ်ဖွဲမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုပြုလုပ်ပြီးနောက်မှာတော့ အကြမ်းဖက်စစ်အုပ်စုဟာ လေယာဉ်များ နဲ့ လိုက်လံရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လိုဆိုပါတယ်။ဒါ့အပြင် မစ်ရှစ်သွားရောက်ဖော်ဆောင်ချိန်မှာလည်း စစ်အုပ်စုဘက်က လုံခြုံများစွာချထားတဲ့အတွက် အခက်အခဲများကြားကလုပ်ဆောင်ခဲ့ရတယ်လိုဆိုပါတယ်။

“လုံခြုံရေးကအတော်တင်းကြပ်ထားတယ်။ သူလာမယ်ဆိုတော့ပိုတင်းကြပ်ထားတာပေါ့။အဲ့ကြားထဲက စွန့်စွန့်စားစားလုပ်ခဲ့ရတယ်။ နောက်ဆက်တွဲကိုတော့စုံစမ်းနေဆဲပဲ”လို အထက်ပါတာဝန်ရှိသူကဆက်ပြောပါ တယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ တောင်ငူခရီးစဉ်ကို လျိုဝှက်စွာ စီစဉ်ပြီး ပြည်ထောင်စုဝန်ကြီး ခရီးစဉ်လိုသာ အသိပေးထားကြောင်း ၊ တောင်ငူကိုလာချိန်မှာလည်း ရန်ကုန် − နေပြည်တော် အစုန်ရထား နဲ့ သာရောက်လာခဲ့ပြီး အဲဒီကနေတစ်ဆင့် မဆရ ၃ (၂ဆောင်ပြုင်) နဲ့ ကေတုမတီလေတပ်ကိုသွားရောက်မယ်လိုသတင်းကြားသိရတဲ့အတွက် ကာကွယ်ရေးတပ်တွေကအခုလို သွားရောက်ပစ်ခတ်ခဲ့တယ်လိုဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အထူးစစ်ဆင်ရေးအဖွဲ ၊ KNLA တပ်မဟာ (၂) ၊ တပ်ရင်း ၅ နဲ့ ပူးပေါင်းပြီးလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ထပ်မံပြီးတော့လည်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိင်ဟာ ယခုအချိန်မှာ နိုင်ငံအတွင်းခိုင်းကြောင်ခိုးဝှက်သွားလာနေရကြောင်း ၊ ထိတ်လန့်နေရတဲ့ဘဝကိုပေါ်လွင်စေဖိုအတွက် အခုလိုတိုက်ခိုက်ခြင်းဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ရေးသားထားပါသေးတယ်။

အဆိုပါ တောင်ငူခရီးစဉ်ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိင် လာရောက်ခြင်း ရှိမရှိကိုတော့ People’s Radio Myanmar အနေနဲ့ မြေပြင်သတင်းအရင်းအမြစ်တွေ ရဲ့ အထောက်အထားမရရှိသေးတာကြောင့် အဲဒီဖြစ်စဉ်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *