By – Lin Kha
၄ နှစ် ၁ ကြိမ် ဥက္ကဋ္ဌ ရာထူးအတွက်ရွေးကောက်ပွဲ လုပ်လေ့ရှိတဲ့ ရီးရဲမက်ဒရစ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မှာ ၂၀၂၆-၂၀၃၀ ရာသီအတွက် ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌဟောင်း ဖလောရန်တီနိုပီရက်ဇ် က အနိုင်ရရှိခဲ့ပါတယ်။
ဥက္ကဋ္ဌ ရာထူးအတွက် ဖလောရန်တီနို ပီရက်ဇ် နဲ့စိန်ခေါ်သူ ရီကွယ်မီတို့ရဲ့ ယှဉ်ပြိုင်မှု မှာ ပီရက်ဇ် ဟာ ထောက်ခံမဲ ၆၅% အထိရရှိခဲ့ပြီ ရီကွယ်မီး ကတော့ ၃၅% သာရရှိခဲ့ပါတယ်။
ပီရက်ဇ် အနိုင်ရပြီနောက် သူကတိကဝတ် ပြုထားတဲ့အတိုင်း နည်းပြနဲ့ ကစားသမားခေါ်ယူမှုတွေကို ဆက်တိုက်ပြုလုပ်တော့မှာဖြစ်ပါတယ်။
ပီရက်ဇ်ဟာ နည်းပြသစ်အဖြစ် အရင်ရီးရဲမက်ဒရစ်ကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဟိုဆေးမော်ရင်ညိုကို နည်းပြအနေနဲ့ ခန့်အပ်ဖို့ရှိနေပြီး ရက်ပိုင်းအတွင်းနည်းပြသစ်အဖြစ်ကြေငြာဖို့ရှိနေပါတယ်။
ပီရက်ဇ် ဥက္ကဋ္ဌ ဖြစ်လာပြီးနောက် ပထမဦးဆုံးကစားသမားခေါ်ယူမှုအနေနဲ့ လီဗာပူးကနေ စာချုပ်သက်တမ်းကုန်ဆုံးပြီ ထွက်ခွာလာတဲ့ နောက်ခံလူ ကိုနာတေးကို ခေါ်ယူသွားဖို့ရှိနေပြီ ကစားသမားနဲ့ အကြိုသဘောတူညီမှုရရှိနှင့်နေပြီဖြစ်ပါတယ်။
ဒုတိယခေါ်ယူမှုအနေနဲ့ အင်တာမီလန်အသင်းရဲ့ နောက်ခံလူ ဒမ်ဖရီး ကိုခေါ်ယူဖို့ရှိပြီ ရီးရဲမက်ဒရစ်အသင်းသမိုင်းတစ််််် လျှောက် ဈေးအကြီးဆုံး ခေါ်ယူမှုဖြစ်တဲ့ ယူရိုသန်း ၁၅၀တန် ခေါ်ယူမှုတစ်ခုကို ပြုလုပ်သွားဖို့ လည်းရှိနေပါတယ်။
နောက်ဆုံး ၂၆ နှစ်အတွင်း ၂၃ နှစ်အထိ ရီးရဲ အသင်းရဲ့ ဥက္ကဋ္ဌ ရာထူးကိုရယူနိုင်ခဲ့တဲ့ ပီရက်ဇ် ဟာ
သူ့လက်ထက်မှာ ကြယ်စင်စုအသင်းကို တည်ဆောက်ပြီ စဉ်ဆက်မပြတ် အောင်မြင်မှုရရှိအောင်တည်ဆောက်နိုင်ခဲ့လို့ ခုလို ဥက္ကဋ္ဌရွေးကောက်ပွဲတွေမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ – Crd