ဇွန်လ – ၈ ရက်
ဖိလစ်ပိုင်နဲ့ ဂျပန်နိုင်ငံတို့အကြား ရေကြောင်းလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပပြီးနောက် တရုတ်နိုင်ငံက ထိုင်ဝမ်အနီး ပင်လယ်ပြင်နဲ့ လေကြောင်းနယ်မြေမျာ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတကာ သတင်းမီဒီယာများက ဖော်ပြခဲ့ပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေကို ထိုင်ဝမ်အနီး စေလွှတ်ပြီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့တာပါ။
ဒီလှုပ်ရှားမှုများဟာ ဒေသတွင်း လုံခြုံရေးအခြေအနေများနဲ့ ဆက်စပ်နေကြောင်း လေ့လာသူများက သုံးသပ်ထားကြပါတယ်။
ဖိလစ်ပိုင်နဲ့ ဂျပန်တို့ဟာ တောင်တရုတ်ပင်လယ်ဒေသအတွင်း ရေကြောင်းလုံခြုံရေး၊ လွတ်လပ်စွာ သင်္ဘောသွားလာခွင့်နဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်အစိုးရဘက်ကတော့ စစ်ရေးလှုပ်ရှားမှုများဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ ခိုင်မြဲရေးကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်အရေးကိစ္စနဲ့ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုအငြင်းပွားမှုများကြောင့် အရှေ့အာရှဒေသတွင် တရုတ်၊ ဖိလစ်ပိုင်၊ ဂျပန်နဲ့ အမေရိကန်တို့အကြား သံတမန်ရေးနဲ့ လုံခြုံရေးဆိုင်ရာ တင်းမာမှုများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း နိုင်ငံတကာ လေ့လာသူများက ဆိုပါတယ်။
ဓါတ်ပုံ – PPA
ဖိလစ်ပိုင်-ဂျပန် ရေကြောင်းလုံခြုံရေး ဆွေးနွေးပွဲအပြီး တရုတ်က ထိုင်ဝမ်အနီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်