By – Lin Kha
ပြီးခဲ့တဲ့ စနေနေ့က ဟန်ဂေရီနိုင်ငံ ဘူဒါပတ် မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဒ်ဗိုလ်လုပွဲမှာ ပြင်သစ်အခြေစိုက် PSG အသင်းနဲ့ အင်္ဂလန်အခြေစိုက် အာဆင်နယ်တို ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။
၂၉၂၅-၂၆ ရဲ့ အင်္ဂလန် ချန်ပီယံနဲ့ ပြင်သစ်ချန်ပီယံ တို တွေ့ဆုံခဲ့တဲ့ပွဲမှာ PSG အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကို အသားပေးပြီး တိုက်စစ်တင်ကစားခဲ့ပြီ အာဆင်နယ်အသင်းကတော့ ခံစစ်ကိုအထိုင် ချပြီကစားခဲ့ပါတယ်။
ပွဲချိန်အတွင်းမှာ ၁-၁ နဲ့သရေကျနေခဲ့လို အချိန်ပိုဆက်ကစားခဲ့ရပြီ ပယ်နယ်တီအဆုံးအဖြတ်ထိရောက်ရှိခဲ့ပါတယ်။
ပယ်နယ်တီအဆုံးအဖြတ်မှာတော့ PSG အသင်းက ၄-၃ ရလဒ်နဲ့အနိုင်ရခဲ့လို ၂၀၁၅-၂၆ ရဲ့ ချန်ပီယံလိဒ် ချန်ပီယံဖြစ်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ခံစစ် ပိတ်ကစားခဲ့တဲ့ အာဆင်နယ်အသင်းဟာ မရည်ရွယ်ပေမဲ့ သူတိုရဲ့ စံချိန်ဆိုးတစ်ခုကို ထပ်မံရိုက်ချိုးမိလိုက်ပါတယ်။
ဒီစံချိန်ဆိုးကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ကစားခဲ့တဲ့ ၂၀၀၆ ချန်ပီယံလိဒ် ဗိုလ်လုပွဲမှာ အာဆင်နယ်နဲ့ ဘာစီလိုနာ တိုထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။
အဲ့ဒီပွဲမှာ ပွဲချိန် ၁၈ မိနစ်ကတည်းက အာဆင်နယ်ဂိုးသမား ဘားသက်ဇ် အနီကဒ်နဲ့ထုတ်ပယ်ခံလိုက်ရပြီ ၁ ယောက်လျော့အနေအထားနဲ့ ကျန် ၇၂ မိနစ်လုံးကို ကစားခဲ့ရပါတယ်။
ပွဲအပြီးမှာ ၂-၁ နဲ့အာဆင်နယ်တိုရှုးနိမ့်ခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု ၂၉.၇% နဲ့ ချန်ပီယံလိဒ်ဗိုလ်လုပွဲတစ်လျှောက် ဘောလုံးပိုင်ဆိုင်မှု အနည်းဆုံး စံချိန်ကိုရရှိခဲ့ပါတယ်။
အဲ့ဒီစံချိန်ဆိုးကို ဒီရာသီမှာတော့ အာဆင်နယ်တို ကျော်ဖြတ်နိုင်ခဲ့ပြီ PSG နဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၂၄.၇% နဲ့ သမိုင်းတစ်လျှောက် ဘောလုံးပိုင်ဆိုင်မှုအနည်းဆုံး ချန်ပီယံလိဒ်ဗိုလ်လုပွဲအနေနဲ့ မှတ်တမ်းဝင်သွားပါတယ်။
မှတ်တမ်းဟောင်းမှာတုန်းက ၁ ယောက်လျော့အနေအထား နဲ့ကြောင့်သာရရှိခဲ့ပေမဲ့ ၁၁ယောက်ချင်းကစားနေချိန်မှာ ခုလိုစံချိန်ဆိုးရရှိခဲ့လို အာဆင်နယ်အသင်းအတွက် ပိုပြီခံရခက်စေမှာပါ။