By – Lin Kha
ဘရာဇီးဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒင်ညိုဟာ ဘောလုံးသမားဘဝကနေ အနားယူပြီး ၁၁ နှစ်အကြာမှာ ဘောလုံးပြန်ကစားတော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် (၄၆)နှစ်အရွယ် ရော်နယ်ဒင်ညို ဟာ စီးရီးစီကလပ် ရာဗင်နာမှာ ဘောလုံးပြန်ကစားမှာဖြစ်ပြီး ဒင်ညိုဟာ ရာဗင်နာ အသင်းမှာ ရှယ်ယာ အနည်းငယ်ပိုင်ဆိုင်ထားပါတယ်။
၂၀၁၅ ခုနှစ် မှာ ဘရာဇီးကလပ် ဖလူမီနီစ် မှာ ကစားသမားဘဝ အနားယူခဲ့တဲ့ ဒင်ညိုဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အသင်းသစ်နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီ ပရိတ်သတ် (၆၀၀၀) ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။
အသင်းသစ်နဲ့စာချုပ် ချုပ်ဆိုပြီနောက် ရော်နယ်ဒင်ညိုက ” ဒီနေရာမှာ ကျွန်တော့်မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူတူ ရှိနေခွင့်ရတဲ့အတွက် အရမ်းပျော်ရွှင်ရပါတယ်။ ကျွန်တော်အသင်းနဲ့ကစားခွင့်ရမလားဆိုတာ ဥက္ကဋ္ဌနဲ့နည်းပြအပေါ်မူတည်ပါတယ်” ဆိုပြီးပြောကြားသွားပါတယ်။