⁨ဩဂုတ်လအတွက် အကောင်းဆုံးပရီးမီးယားလိဒ်နည်းပြနဲ့ ကစားသမားစကာတင်စာရင်း ကြေညာ

By – Lin Kha
အင်္ဂလန်ပရီးမီးယားလိဒ်ရဲ့ ဩဂုတ်လ အတွက် အကောင်းဆုံးနည်းပြဆု နဲ့ကစားသမားဆုအတွက် စကာတင်စာရင်းကို Sky Sports ကကြေငြာလိုက်ပါတယ်။
ဒီစာရင်းမှာ ဩဂုတ်လအတွင်းမှာကစားခဲ့တဲ့ ပရီးမီးယားလိဒ်ပွဲစဉ် (၂) ပွဲမှာ ရလဒ်ကောင်းတွေ ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့ အသင်းတွေရဲ့ နည်းပြနဲ့ကစားသမားတွေ ပါဝင်လာပါတယ်။
Sky Sportsရဲ့ဖော်ပြချက်မှာ ရေပန်းစားနေတဲ့နည်းပြ ၄ ဦးရှိနေပြီး ၄ ဦးစလုံးဟာ ဩဂုတ်လမှာ ကစားထားတဲ့ ၂ပွဲလုံးကို ရာနူန်းပြည့်အနိုင်ရရှိထားပါတယ်။
စကာတင်နည်းပြ ၄ ယောက်မှာ လက်ရှိချန်ပီယံ အာဆင်နယ်အသင်းရဲ့နည်းပြ အာတီတာ၊ ချယ်ဆီးအသင်းရဲ့ နည်းပြသစ် ဇာဗီအလွန်ဆို၊ မန်စီးတီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စ်ကာ နဲ့ တန်းတက် ဟားစီးတီးအသင်းရဲ့ နည်းပြ ဂျာကီယိုဗစ်တို့ ပါဝင်နေပါတယ်။
၄ ယောက်ထဲမှာ ဂျာကီယိုဗစ် ကရေပန်းအစားဆုံးဖြစ်ပြီး ဟားစီးတီးအသင်းဟာ အဖွင့်ပွဲမှာ ပရီးမီးယားလိဒ် အသင်းကြီးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူခဲ့သလို ကိုဗင်ထရီကို အဝေးကွင်းမှာ အနိုင်ကစားထားပါတယ်။
ဩဂုတ်လအတွက်အကောင်းဆုံး ကစားသမားစကာတင် စာရင်းမှာတော့ ၈ယောက် အထိရှိခဲ့ပါတယ်။ ၈ယောက်ထဲမှာ အဖွင့် ၂ ပွဲစလုံးကို အနိုင်ရခဲ့တဲ့ ကစားသမား ၅ ယောက်ပါခဲ့ပြီး အာဆင်နယ်က ကယ်လာဖီအိုရီ၊ မန်စီးတီးက ချာကီ၊ ချယ်ဆီးက ဂျာအိုပက်ထရိုနဲ့ ကိုးပါးမား၊ ဟားစီးတီးဂိုးသမား ဇိုလာကစ် တို့ပါဝင်ပါတယ်။
နောက်ထပ်ကစားသမားတွေကတော့ အဖွင့် ၂ ပွဲ မှာ ၄ မှတ်အထိ ရခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ နယူးကာဆယ်တိုက်စစ်မှူး ဝစ်ဆာ နဲ့ ဘရက်ဖို့ ကွင်းလယ်လူ ဆန်ဂါရေးတို့ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ နိုင်ပွဲတစ်ပွဲသာ ရတဲ့ကစားသမားတစ်ယောက် ပါဝင်နေပြီး သူကတော့ အစ်ဝှစ်နဲ့ ပွဲမှာ ၃ ဂိုးသွင်း ၁ ဂိုးဖန်တီးထားတဲ့ မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက် ဖြစ်ပါတယ်။
ဓါတ်ပုံ – Crd⁩

Leave a Reply

Your email address will not be published. Required fields are marked *