ဖားအံ စစ်အုပ်စုက BGF ခေါင်းဆောင်တွေ လက်ခံထားတဲ့ တရုတ်ကျားဖြန့်တွေကို မျက်ကွယ်ပြုပေးထား

စက်တင်ဘာလ ၄၊ ၂၀၂၆
ကရင်ပြည်နယ် ဖားအံမြို့မှာရှိတဲ့ ဇွဲကပင်တောင်ကြားက ဟိုတည်နေရာတွေနဲ့ မြို့ပေါ် ‌‌ဟိုတည်တွေမှာ တရုတ်ကျားဖြန့် လုပ်ငန်းလုပ်သူတွေ ဝင်ထွက်သွားလာနေတာနဲ့ ရက်ရှည်နေထိုင်အလုပ်လုပ်နေတာမျိုးရှိနေတာကို ဖမ်းဆီးအရေးယူတာမျိုးမရှိဘဲ မျက်ကွယ်ပြုပြီးနေနေကြတယ်လို့ ဖားအံမြို့ခံတွေက PRM ကိုပြောပါတယ်။
အဲဒီဖားအံမြို့က BGF တပ်ဖွဲ့ ခေါင်းဆောင်တွေပိုင်တဲ့ ဇွဲကပင်တောင်ကြားက ဟိုတည်ခြံဝင်း၊ သံလွှင်ကမ်းနားလမ်း၊ ကန်သာယာလမ်းမအနီးက ဟိုတည်အပါအဝင် BGF ‌‌‌‌‌‌‌‌‌‌‌‌‌‌တပ်နဲ့ ပူးပေါင်းပြီး ဟိုတည်၊ တည်းခိုခန်း စီးပွားရေးပူး‌ပေါင်းချိတ်ဆက်လုပ်နေကြသူတွေရဲ့ ဟိုတည်နဲ့ တည်းခိုခန်းတွေမှာ တရုတ်ကျားဖြန့်လုပ်သူတွေရှိနေတယ်လို့ အခြေအနေကို မျက်မြင်သိတဲ့ ဖားအံမြို့ခံက အခုလို ပြောပါတယ်။
” ဇွဲကပင်တောင်ကြားက BGFဗိုလ်မှူးသိန်းဇော်မင်း ဟိုတည်ခြံဝင်းမှာဆို တရုတ်တွေအများကြီးရှိတယ်၊ ကန်သာယာနားက ဟိုတည်၊ မိုးလေဝသကုန်း လမ်းကဟိုတည်၊ မီးသတ်ရှေ့ကဟိုတည်၊ သံလွင်ကမ်းနားလမ်းက ဟိုတည်တွေမှာ BGF ကားတွေနဲ့ တရုတ်တွေသယ်လာပို့တာ၊ ပြန်တင်ခေါ်သွားတာ၊ ညဘက် ဘီယာဆိုင်၊ ညဈေးတန်းဘက်မှာ BGF မဟုတ်ရင် စကားပြန်နဲ့သွားလာနေတာမျိုးတွေ့ နေရတယ်၊ ရဲနယ်ထိန်းတို့ ရပ်ကွက်အုပ်ကြီးတို့၊ စရဖတို့သိတယ်၊
မဖမ်းဘဲမျက်ကွယ်ပြုပေးထားတာမျိုးပေါ့နော် ” လို့ ပြောပြပါတယ်။
အခုလို တရုတ်ကျားဖြန့်လုပ်သူတွေ ဝင်ထွက်သွားလာတာမျိုးရှိနေတဲ့ ဖားအံမြို့မှာ စစ်အုပ်စုကို
ထောက်ခံတဲ့ ဝိသမစီးပွားရေးလုပ်ငန်းရှင်တွေ လိုင်စင်မဲ့ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ညကလပ်၊ အရက်ဘား၊ KTVနဲ့ မူးယစ်ဆေးဝါးဟိုင်းခန်းတွေမှာ တရုတ်ကျားဖြန့်လုပ်သူတွေ သောက်စားပျော်ပါး မူးယစ်ဆေးသုံးနေကြတာကိုလည်း ဖမ်းဆီးတာမျိုးမရှိဘူးလို့ သိရပါတယ်။
” ဖားအံမှာ ညဘက်က ရပ်ကွက်လူတွေကည ၈နာရီလောက်ဆို အိမ်ပြင်မထွက်ကြတော့ဘူး၊ စစ်တပ်အုပ်စု၊ လက်နက်ကိုင်အုပ်စု၊ BGFနဲ့တရုတ်အုပ်စုတွေ၊ ဌာနဆိုင်ရာနဲ့ ပေါင်းကြတဲ့စီးပွားရေးသမားတွေဘဲ စားသောက်ဆိုင်၊ ဘီယာဆိုင်၊Ktv နဲ့ဟိုင်းခန်းတွေမှာစည်နေတယ်၊ ညတစ်နာရီ၊ နှစ်နာရီသွားလာ‌နေလည်း အေးဆေးဘဲ၊ သူတို့ကညဘက်ကျမှ ထိုင်းကုန်ကားဝင်တာတို့၊ တရားမဝင်(ဝပ်သောက်)ကားပို့တဲ့သူ တွေတံတားဖြတ်တာတို့၊ တရုတ်ကြို၊ ပို့တဲ့ ကားတွေ သွားလာတာတို့ လုပ်ကြတာ” လို့ ပြောပြပါတယ်။
လက်ရှိ ကရင်ပြည်နယ် စစ်တပ်အုပ်ချုပ်ရေးအဖွဲ့တွေက ပြည်နယ်တွင်းနဲ့ မြို့တွင်းမြို့ပြင် သွားလာရာမှာ ကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့ အရန်အင်အားလုံခြုံရေးအကူအညီနဲ့ သွားလာ လုပ်ကိုင်ပြနေရတာကြောင့် တရားမဝင်လုပ်ငန်းတွေကို အမြစ်ပြတ်နှိမ်နှင်းတာမျိုးအလုပ်ဘဲ၊ အဖမ်းပြရတာနဲ့ မျက်ကွယ်ပြုထားပေးကတာမျိုးတွေကို စစ်တပ်ဌာနဆိုင်ရာတွေက အပြန်အလှန်ကာကွယ်ပေးထားရတယ်လို့ ဖားအံစစ်အုပ်စုနဲ့ နီးစပ်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *