ဖားကန့်တွင် စစ်တပ်က ပြည်သူတွေအပေါ် တစ်လအတွင်း ငါးကြိမ်ထပ်မနည်း ဓါးပြတိုက်။
ဇွန်၊ ၁ ၊ ၂၀၂၆ ။
ကချင်ပြည်နယ် ၊ ဖားကန့်မြို၊ လုံးခင်းကျေးရွာမှာ စစ်ကော်မရှင်တပ်က အရပ်သားပြည်သူတွေကို
တစ်လတာအတွင်း ငါးကြိမ်ထက်မနည်း ဓားပြတိုက်ခဲ့တယ်လိုသိရပါတယ်။
မေလ တစ်လတာအတွင်း လုံးခင်းကျေးရွာအတွင်း စစ်ကော်မရှင်က အရပ်ဝတ်နဲ့
ကျောက်ဝိုင်းပြန်လာတဲ့ ဒေသခံပြည်သူတွေကိုတားကာ ဓားပြတိုက်မှုတွေအပြင် အိမ်ထဲထိဝင်ကာ ဓါးပြတိုက်မှုတွေ ဆက်တိုက် ကျူးလွန်နေတာပါ။
” ညပိုင်းမှ ဒီကောင်တွေလှုပ်ရှားတာများတယ်။ မနေ့ညကလည်း ကားနဲ့လာတာကိုတောင် လမ်းဘေးချရပ်ခိုင်းပြီး ကားပေါ်ပါလာတဲ့ ပိုက်ဆံသိန်းလေးဆယ်တောင်းတယ်။ ကားရပ်ခိုင်းတာကိုမရပ်လို တောင်းတာလိုသူတိုပါးစပ်ကထွက်လာတာ။ လူငယ်ပိုင်းတွေ အရပ်ဝတ်နဲ့ သေနတ်တိုတစ်လက်ပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့နေရာဆိုတော့ ဘယ်သူတွေဆိုတာ သိပါတယ်” လို လုံးခင်းကျေးရွာမှာနေထိုင်တဲ့ဒေသခံတစ်ဦးကManau Voice ကိုပြောပါတယ်။
စစ်ကောင်စီထိန်းချုပ်နယ်မြေဖြစ်တဲ့ လုံးခင်းကျေးရွာနဲ့မှော်စီစာကျေးရွာတိုမှာ
ဓားပြတိုက်ခံရမှုအများဆုံးဖြစ်ကြောင်း ကျောက်အရောင်းဝယ်လုပ်သူတွေကို အဓိကာထား
တောင်းခံမှုလုပ်နေတာဖြစ်တယ်လို သိရပါတယ်။
” ကျောက်ပါရင်ကျောက်သိမ်းတယ် ဖုန်းယူစစ်သလိုနဲ့လလည်း ယူသွားတယ်။ မှော်စီစာဆိုင်းဘုတ်နဲ့ လုံးခင်းရွာထဲအထိပါ ဓါးပြတိုက်နေတာပေါ့။ အိမ်ထဲထိဓားပြတိုက်ခံရတာက လုံးခင်းက ကိုဇော်ဒွဲအိမ် ဓားပြတိုက်ခံရတာပေါ့။အခြေနေကအရမ်းဆိုးနေတဲ့အနေထားပါ ဘယ်လိုဖြစ်ဖြစ် ညဘက်တော့ အဖွဲလိုက်သွားသင့်တယ်”လို မှော်စီစာကျေးရွာမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
မေလ ၃၀ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန့်လောက်မှာလည်း ကျောက်ဝိုင်းပြန်လာတဲ့ ကားတစ်စီးကို စစ်ကော်မရှင်တပ်ကလိုယူဆရတဲ့ လူငယ်နှစ်ယောက်က ဓားပြတိုက်ခဲ့တယ်လိုလည်း သိရှိရပါတယ်။
သတင်း- Ah Gue
စာမူတည်းဖြတ် – ကိုကျော်ဝဏ္ဏ
ပုံစာ – ကချင်ပြည်နယ် ၊ ဖားကန့်မြို၊ လုံးခင်းကျေးရွာတွင်စစ်ကော်မရှင်တပ်ဖွဲဝင်များ
တားဆီးစစ်ဆေးမှုအများဆုံးပြုလုပ်နေသည့် လမ်းတနေရာ။