ဇွန်လ – ၁ ရက်
ဉာဏ်တုလိုခေါ်တဲ့ (AI) နည်းပညာ လျင်မြန်စွာ တိုးတက်လာမှုကြောင့် ကမ္ဘာ့စီးပွားရေးစနစ်၊ အလုပ်အကိုင်ဈေးကွက်နဲ့ နိုင်ငံ ဖွံဖြိုးတိုးတက်ရေး မဟာဗျူဟာများအပေါ် အရေးပါတဲ့ သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်တယ်လို ကျွမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။
Financial Times သတင်းစားရဲ့ ဖော်ပြချက်အရ နိုင်ငံအချိုမှာ AI ကို စီးပွားရေးပြုပြင်ပြောင်းလဲရေးရဲ့ အဓိကကိရိယာအဖြစ် သတ်မှတ်လာကြပြီး စင်ကာပူနိုင်ငံမှာ AI ကို အသုံးပြုပြီး စီးပွားရေးကို ပြန်လည်တည်ဆောက်ကာ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ဖို ကြိုးပမ်းနေကြောင်း ဆိုပါတယ်။
တစ်ဖက်မှာလည်း AI နည်းပညာကြောင့် ပေါ်ပေါက်လာနိုင်သည့် သတင်းအမှားများ၊ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ အန္တရာယ်များကို ထိန်းချုပ်နိုင်ရေးအတွက် စည်းမျဉ်းစည်းကမ်းများ လိုအပ်လာနေတယ်လို ကျွမ်းကျင်သူများက ထောက်ပြကြပါတယ်။
ကျန်းမာရေးကဏ္ဍမှာလည်း AI ကို အသုံးပြုပြီး ရောဂါရှာဖွေမှု မြန်ဆန်စေရန်၊ ကုသမှုများ ပိုမိုတိကျစေရေး၊ လူနာများနဲ့ ဆက်သွယ်ရေးကောင်းမွန်စေရန် ကူညီပေးနေပြီး ဖြစ်တယ်လို သိရပါတယ်။
ဒါ့အပြင် ဘဏ္ဍာရေး၊ စွမ်းအင်၊ ပညာရေးနဲ့ မီဒီယာကဏ္ဍတွေမှာလည်း AI ကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာနေကြပါတယ်။
AI ကြောင့် အလုပ်အကိုင်အချို လျော့နည်းသွားနိုင်တဲ့ စိုးရိမ်မှုများ ရှိနေပြီး ကျွမ်းကျင်သူများကတော့ နည်းပညာအသစ်နဲ့ လိုက်လျောညီထွေဖြစ်စေဖို အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ပေးဖို အရေးကြီးကြောင်း ထောက်ပြထားကြပါတယ်။
ကိုးကား – reuters
ဓါတ်ပုံ – reuters
AI နည်းပညာ တိုးတက်လာမှုနဲ့အတူ ကမ္ဘာ့စီးပွားရေး၊ အလုပ်အကိုင်ကဏ္ဍများ ပြောင်းလဲလာနိုင်