ဂျပန်ဟာ စစ်အင်အားပြန်လည်တည်ဆောက်နေခြင်း မဟုတ်ဟု ကာကွယ်ရေးဝန်ကြီး ကိုအီဇူမီ တုံပြန်


ဇွန်လ – ၁ ရက်
ဂျပန်နိုင်ငံဟာ စစ်အင်အားပြန်လည်တည်ဆောက်နေတယ်လို တရုတ်အစိုးရရဲ့ စွပ်စွဲချက်တွေကို ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြင်းထန်စွာ ပယ်ချလိုက်ပါတယ်။
ဂျပန်အနေနဲ့ ကာကွယ်ရေးမူဝါဒကို ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက်သာ ရည်ရွယ်ထားကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ Shangri-La Dialogue လုံခြုံရေးညီလာခံအတွင်း ပြောကြားခဲ့တာပါ။
ဂျပန်နိုင်ငံအနေနဲ့ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ငြိမ်းချမ်းရေးအခြေပြု ဖွဲစည်းပုံအခြေခံဥပဒေကို လိုက်နာလာခဲ့ပြီး အနာဂတ်မှာလည်း ဒီမူဝါဒကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက အလေးပေးပြောဆိုခဲ့ပါတယ်။
ဂျပန်ရဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုနဲ့ တန်ပြန်တိုက်ခိုက်နိုင်စွမ်း (Counterstrike Capability) တည်ဆောက်နေမှု ဝေဖန်ထားပြီး ဒေသတွင်း စစ်ရေးတင်းမာမှုများ ပိုမိုမြင့်တက်လာစေနိုင်ကြောင်း တရုတ်နိုင်ငံက သတိပေးထားပါတယ်။
တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုများ၊ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်အတွင်း အင်အားပြသမှုတွေဟာ ဒေသတွင်း လုံခြုံရေးအတွက် စိုးရိမ်ဖွယ်အခြေအနေများ ဖြစ်ပေါ်စေကြောင်း ဂျပန်က ပြန်လည်ထောက်ပြခဲ့ပါတယ်။
ဂျပန်အစိုးရဟာ အခနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်ခဲ့ပြီး အမေရိကန်နဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ပိုမိုအားကောင်းစွာ ဆောင်ရွက်နေတယ်လို သိရပါတယ်။
ကိုးကား – Financial Times
ဓါတ်ပုံ – AFP

Leave a Reply

Your email address will not be published. Required fields are marked *