စစ်ကောင်စီတပ်ကလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့်ချေင်းနှစ်ခွကျေးရွာအနီးကဒေသခံပြည်သူတွေ ထိခိုက်မှုဆက်ရှိနေ
ဒီဇင်ဘာလ ၄ရက်၊ ၂၀၂၃ခုနှစ် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာနဲ့ အနီးအနားကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာနဲ့ရော Mi(35)ရဟတ်ယာဉ်ပါလာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူထိခိုက်ဒဏ်ရာရတာတွေဆက်ရှိတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၃ရက်နေ့ မနက်၁၀နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်က ချောင်းနှစ်ခွစခန်း ကိုရိက္ခာ၊လက်နက်ခဲရမ်းလာရောက်ပို့ဆောင်ချိန်တောင်ကလေးကျေးရွာနဲ့ လှကဇိုင်းကျေးရွာ တွေဘက်ကိုMi(35)ရဟတ်ယာဉ်နဲ့ရော ဂျက်ဖိုက်တာတွေနဲ့ပါလာရောက်ပစ်ခတ်ခဲ့တာကြောင့်…










