မြဝတီမြို့က မြို့နယ်စုပေါင်းရုံးနဲ့ ရှေ့တန်းရုံး ဒရုန်းနဲ့ထပ်မံဗုံးကြဲတိုက်ခိုက်ခံရ
ဒီဇင်ဘာလ ၈ရက်၊ ၂၀၂၃ခုနှစ် ကရင်ပြည်နယ်၊မြဝတီမြို့က မြို့နယ်စုပေါင်းရုံးနဲ့ ရှေ့တန်းရုံးဒရုန်းနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ မြဝတီမြို့ဒေသခံတွေဆီကနေသိရပါတယ်။ ဒီဇင်ဘာလ ၇ရက်နေ့ ညနေ ၄နာရီ၃၀မိနစ်ဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ် လက်အောက်ခံဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ မြို့နယ်စုပေါင်းရုံးနဲ့ ရှေ့တန်းရုံးကို နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေကဒရုန်းဗုံးသီးနှစ်လုံးနဲ့ကြဲချတိုက်ခိုက်ခဲ့ တယ်လို့မြဝတီမြို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။…










