ကော့ကရိတ်မြို့ကအရပ်သားပြည်သူနေအိမ်တွေကို စစ်ကောင်စီတပ်က ဖောက်ထွင်းတာ မီးရှို့တာတွေ ဆက်ရှိနေ
ဇန်နဝါရီလ ၃၀ရက်၊၂၀၂၃ခုနှစ် ကရင်ပြည်နယ်၊ကော့ကရိတ်မြို့အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဖောက်ထွင်းတာ၊ ရပ်ကွက်အတွင်းမှာရှိတဲ့နေအိမ်တွေကို မီးရှို့တာတွေဆက်ရှိနေတယ်လို့ KNLA သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၂၉ရက်နေ့နဲ့ ၃၀ရက်နေ့မှာတော့စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားတာမျိုးမှရှိပေမဲ့ စစ်ကောင်စီတပ်ဘက်မှ နေအိမ်တွေကို ဖောက်ထွင်းကာတန်းဖိုးကြီးပစ္စည်းတွေကိုယူဆောင်တာ၊…










