ဖက်တေးကုန်းရွာကနေအိမ်တွေကိုစစ်ကောင်စီတပ်နဲ့ BGFတို့ နေအိမ်တွေကိုဖောက်ထွင်းထား
ဖေဖော်ဝါရီလ ၂ရက်၊ ၂၀၂၄ခုနှစ် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ဖက်တေးကုန်းကျေးရွာက နေအိမ်တွေကိုစစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF)တို့က ဖောက်ထွင်းကာတန်းဖိုးကြီးပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။ ချောင်းနှစ်ခွကျေးရွာနဲ့တောင်ကလေးကျေးရွာတစ်ဝိုက်စစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန်၁၀၀ကျော်ရှိတဲ့ ဖက်တေးကုန်းရွာက အိမ်အားလုံးမှာ ဖောက်ထွင်းထားတာလည်းဖြစ်ပါတယ်။ ဖက်တေးကုန်းကျေးရွာအတွင်းကိုစစ်တပ်က ဇန်နဝါရီလ၃၁ရက်နေ့မှပြန်လည်ဝင်ရောက် ခွင့်ပြုတာကြောင့် ကျေးရွာအတွင်းဝင်ရောက်ကြည့်ရှုချိန်မှာတော့ တန်ဖိုးကြီးပစ္စည်းတွေဖြစ်တဲ့…










