နောက်ဆုံးနေ့မှာ ဖြစ်ခဲ့တဲ့ ပရီးမီးယာလိဒ်ရဲ့ အပြောင်းအရွေ့များ

By – Lin kha
စပါးအသင်းဟာ ချယ်ဆီးကစားသမား ၂ယောက်ဖြစ်တဲ့ တောင်ပံကစားသမား မူဒရစ်နဲ့ နောက်ခံလူ တိုဆင်ကို အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ခေါ်ယူလိုက်ပါတယ်။
အသက် ၂၈ နှစ်အရွယ် တိုဆင်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၀သန်း + အပိုဆုကြေး ၂ သန်းနဲ့ ခေါ်ယူခဲ့ပြီး မူဒရစ်ကို အငှားနဲ့ခေါ်ယူခဲ့ပြီး ရာသီကုန်မှာ ပေါင် ၇၅ သန်းနဲ့ ခေါ်ယူခွင့်ပါရှိပါတယ်။
မန်စီးတီးအသင်းဟာ ရိုဒရီထွက်ခွာသွားတဲ့နောက် လစ်ဟာ နေတဲ့ ကွင်းလယ်နေရာအတွက် ချယ်ဆီးကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူသွားပါတယ်။
နောက်ထပ်ကစားသမားအနေနဲ့ အဲဗာတန် တောင်ပံကစားသမား အန်ဒီးယားယီး ကို ပေါင် ၆၀သန်း+ အပိုဆုကြေး ၅ သန်းနဲ့ခေါ်ယူလိုက်ပါတယ်။
လိုင်လီတိုက်စစ်မှူးကိုခေါ်ယူလိုက်တဲ့နယူးကာဆယ် နယူးကာဆယ်အသင်းဟာ တိုက်စစ်မှူးဝယ်တာမန်ဒီ ထွက်ခွာသွားတဲ့ အတွက် အစားထိုးကစားသမားအနေနဲ့ အသက် ၂၁ နှစ်အရွယ် လိုင်လီအသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဖာနန်ဒက်ပါဒို ကို ပေါင် ၅၁.၄ သန်းနဲ့ခေါ်ယူလိုက်ပါတယ်။
မလိုအပ်တဲ့ကစားသမားတွေကိုထုတ်နိုင်ခဲ့တဲ့ချယ်ဆီး ချယ်ဆီးအသင်းဟာ သူတို့ရဲ့ဖောင်းပွနေတဲ့လူစာရင်းကို အပြောင်းအရွှေ့နောက်ဆုံးရက်မှာပဲ လျှော့ချနိုင်ခဲ့ပါတယ်။
နောက်ခံလူတိုဆင်နဲ့ မူဒရစ်ကို စပါးဆီ လက်လွှတ်ခဲ့သလို ကွင်းလယ်ကစားသမာား အက်ဆူဂိုကို မိတ်ဖက်ကလပ်ဖြစ်တဲ့ စထရာဘော့ကို အငှားချလိုက်ပါတယ်။
ချယ်ဆီးဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဘာစီလိုနာကနေ အလွတ်နဲ့ခေါ်ယူထားတဲ့ သူတို့ရဲ့တိုက်စစ်မှူး မက်ဂီရူကို လိုက်ဇစ် အသင်းကို ယူရို ၁၇ သန်းနဲ့ရောင်းချပြီး ပိုလျှံနေတဲ့ လူစာရင်းကို လျှော့ချနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *