ဗြိတိန်နိုင်ငံရှိ ရေဒီယို ကာရိုလိုင်းန် အသံလွှင့်ဌာနက ဘုရင် ချားလ်စ်တတိယ ကွယ်လွန်ပြီးလို့ မှားယွင်းကြေညာခဲ့ပါတယ်။
ထုတ်လွှင့်မှုအတွင်း ဘုရင်ချားလ်စ် ကွယ်လွန်သွားပြီဖြစ်ကြောင်း အကြိမ်ကြိမ် ကြေညာခဲ့ပြီးနောက် ဗြိတိန်နိုင်ငံတော်သီချင်းကို ဖွင့်ခဲ့ကာ ရေဒီယိုအစီအစဉ်မှာလည်း ၁၆ မိနစ်ခန့် တိတ်ဆိတ်သွားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုအရ ရေဒီယိုဝန်ထမ်းတစ်ဦးဟာ စတူဒီယိုကွန်ပျူတာကို ပြုပြင်ထိန်းသိမ်းနေစဉ် ဘုရင်ကွယ်လွန်ကြောင်း ကြေညာမယ့် ကြိုတင်အသံဖိုင်တွေကို “စူးစမ်းလိုစိတ်နဲ့” ဖွင့်ကြည့်ခဲ့ရာကနေ တိုက်ရိုက်ထုတ်လွှင့်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဲအချိန်က ဘုရင်ချားလ်စ်ဟာ အသက်ရှင်လျက်ရှိပြီး မြောက်အိုင်ယာလန်မှာ အများပြည်သူဆိုင်ရာ အခမ်းအနားတစ်ခုကို တက်ရောက်နေခဲ့တာပါ။
အခုလို မှားယွင်းကြေညာခဲ့တာကြောင့် ကာရိုလိုင်းန် အသံလွှင့်ဌာနကို ဗြိတိန်မီဒီယာစောင့်ကြည့်ရေးအဖွဲ့ အော့ဖ်ကွမ် က အသံလွှင့်စည်းမျဉ်းများ ချိုးဖောက်ခဲ့တယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ကိုးကား – bangkokpost
ဓါတ်ပုံ – bangkokpos