မြောက်ကိုရီးယားက နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနဲ့ စစ်သင်္ဘောများ အရှိန်မြှင့် တည်ဆောက်နေ

ဇွန်လ – ၂၄ ရက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်အနေနဲ့ နိုင်ငံရဲ့ ရေတပ်စစ်အင်အားကို နျူကလီးယားလက်နက်စွမ်းရည်ပါဝင်တဲ့ အဆင့်မြင့်တပ်ဖွဲအဖြစ် တိုးမြှင့်ဖို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ မကြာသေးမီက တန်ချိန် ၅,၀၀၀ အရွယ်အစားရှိ နျူကလီးယားလက်နက်များ တပ်ဆင်နိုင်တဲ့ စစ်သင်္ဘောတစ်စင်း “Choe Hyon” အမည်ရှိ ဖျက်သင်္ဘောအသစ်ကို တပ်တော်ဝင် အခမ်းအနား ပြုလုပ်ခဲ့တာပါ။

ကင်မ်ဂျုံအွန်က ဒီသင်္ဘောဟာ မြောက်ကိုရီးယားရဲ့ ရေတပ်စွမ်းအား တိုးတက်လာမှုကို ပြသနေပြီး အနာဂတ်မှာ ပိုမိုကြီးမားတဲ့ ၁၀,၀၀၀ တန်အရွယ် စစ်သင်္ဘောတွေအထိ တည်ဆောက်သွားမယ်လို ပြောကြားခဲ့ပါတယ်။

ဒါအပြင် နိုင်ငံအနေနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတည်ဆောက်ရေး စီမံကိန်းကိုလည်း အရှိန်မြှင့်ဆောင်ရွက်နေပြီး “နျူကလီးယားဖြင့် တပ်ဆင်နိုင်သော ရေတပ်” တည်ဆောက်ရေးမဟာဗျူဟာရဲ့ အရေးကြီးသော အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားကြောင်း ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ အခုလုပ်ဆောင်ချက်တွေဟာ အမေရိကန်နှင့် တောင်ကိုရီးယား တင်းမာမှု ဆက်လက်မြင့်တက်နေသည့်အခြေအနေမှာ ရေတပ်စစ်အင်အားကို ပိုမိုတိုးချဲ့ပြီး နိုင်ငံတကာအပေါ် ဖိအားတိုးမြှင့်ဖို ရည်ရွယ်တာဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။
ကိုးကား – AP

Leave a Reply

Your email address will not be published. Required fields are marked *