သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေ သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၀ဦးထက်မနည်း ထိခိုက်သေဆုံး
အောက်တိုဘာလ ၁၈ရက်နေ့၊ ၂၀၂၃ခုနစ် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ရငဲရွာအနီးမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၅၀လောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၇ရက်နေ့၊ နံနက် ၇နာရီ ၂၀မိနစ်လောက်မှာ သရက်ချောင်းဘက်ကနေ…










