တောင်ကလေးကျေးရွာအရှေ့ပိုင်းမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်သားတွေ ကျေးရွာအတွင်းဝင်ရောက်မွှေနှောက်နေ
ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၂၃ခုနှစ် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ၊တောင်ကလေးကျေးရွာအရှေ့ပိုင်းမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကျေးရွာအတွင်းကနေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီးပစ္စည်း တွေလည်းယူဆောင်သားတယ်လို့ ကျေးရွာဒေသခံတွေဆီကနေသိရပါတယ်။ ဒီဇင်ဘာလ ၃ရက်နေကနေအိမ်ခြေ၁၀၀ ဝန်းကျင်ရှိတဲ့တောင်ကလေးကျေးရွာ အရှေ့ပိုင်းကို စစ်တပ်ကတပ်စွဲကာ ဒေသခံတွေမှာလည်းရှောင်တိမ်းနေကြရတာလည်း ဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာလည်း စစ်သားတွေကကျေးရွာအတွင်းကနေအိမ်အားလုံးနီးပါးကို မွှေနှောက်ထားကာ…










