ကျေးရွာအခြေအနေကိုသွားရောက်ကြည့်ရှုတဲ့ ချောင်းနှစ်ခွကျေးရွာသားတစ်ဦးကို စစ်တပ်က ရိုက်နှက်နှိပ်စက်
ဇန်နဝါရီလ ၂ရက်၊ ၂၀၂၄ခုနှစ် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအခြေအနေကိုသွားရောက်ကြည့်ရှုတဲ့ ကျေးရွာသားတစ်ဦးကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးကာရိုက်နှက်နှိပ်စက်တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဒီဇင်ဘာလ ၃၀ရက်နေ့မှာ စစ်သားတွေတပ်စွဲနေထိုင်နေကြတဲ့ ချောင်းနှစ်ခွကျေးရွာ အခြေအနေကို သွားရောက်ကြည့်ရှုတဲ့ကျေးရွာသားတစ်ဦးကို စစ်သားတွေကဖမ်းဆီးကာ ရိုက်နှက်နှိပ်စက်တာတွေ လုပ်ဆောင်ခဲ့တာကြောင့်…










