မတ်လ၇ ရက်၊ ၂၀၂၄ခုနှစ် ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နဲ့ မြဝတီ−ကော့ကရိတ်အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်ထို့ကော်ကိုးလမ်းပိုင်းကိုအသုံးပြုသွားလာနေကြပြီး အဲ့ဒီလမ်းပိုင်းမှာလည်းလမ်းအပျက်အစီးများတာကြောင့် နေ့တိုင်းယာဉ်တိမ်းနေမှောက်တာတွေဖြစ်ပေါ်နေပါတယ်။ ထို့ကော်ကိုးလမ်းပိုင်းမှာအခုရက်ပိုင်းအတွင်းလမ်းအပျက်အစီးပိုမိုများပြားလာကာ လမ်းပျက်တဲ့နေရာတေွကို ချက်ချင်းပြင်ဆင်မှုမရှိတာကြောင့် အခုလို လမ်းအပျက်အစီးပိုများလာတာဖြစ်သလိုမော်တော်ယာဉ်တွေမှာလည်း နေ့တိုင်းနီတိမ်းမှောက်နေတာဖြစ်ပြီး လူသေဆုံးတာမျိုးတော့မရှိဘူးလို့ကုန်တင်ယာဉ်မောင်းတစ်ဦးပြောပါတယ်။ “လမ်းအခြေနေကဆိုသထက်ဆိုးပဲ ထို့ကော်ကိုးလမ်းကတော့ နေ့တိုင်းပိတ်တာပဲ…