ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်ကလုံခြုံရေးတင်းကြပ်ထားတယ်လို့ဆို
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ ပြန်လည်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က လုံခြုံရေးတွေတင်းကြပ်ထားတယ်လို့ မြို့တွင်းပြန်လည်နေထိုင်သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ မြို့တွင်း ညဘက် ၇နာရီအချိန်ဆို ကင်းလှည့် ပတ်တာမျိုးတွေပြုလုပ်လာသလို ည၈နာရီအချိန်နောက်ပိုင်း အပြင်ထွက်သွားလာသူတွေကို ပစ်မိန့်ပေးထားတယ်လို့ စစ်ရှောင်နေသူအမျိုးသမီးတစ်ဦးကဆိုပါတယ်။ “ညမထွက်ရအမိန့်ထွေအုပ်က ၅လပိုင်းကုန်ကစပြီး ထုတ်ထားတယ်…










