ပုလောမှာ စစ်ကောင်စီတပ်တွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ လေးဦးကို အကြောင်းမဲ့ပစ်သတ်
စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာနဲ့ ပြင်းဖြူရွာက နေအိမ် ၁၅ ဆောင်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးပြီး ပြင်းဖြူရွာက ဒေသခံ လေးဦးကိုလည်း အကြောင်းမဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။…









