Click for video:

Click for video:
#မသေမရှင်

အရွယ်အရ
ကိုယ်တွင်းကလီစာတွေ မပျက်စီးအောင်
ဓာတုဆေးဝါးနဲ့စောင့်ရှောက်ရင်း
ကြွက်သားနဲ့ အရိုးအတွက်
ဖြည့်စွက်စာ စားရတယ်။

ဝမ်းမှန် ဆီးမှန် အကြောသန်ဖို
အနေအထိုင်ဆင်ချင်
လိုအပ်ရင်
မစင်ကိုပင် လစဥ်ကြေး ပေးရတယ်။

ခေတ်ကြီးကို ဖြစ် ပျက်ရှုရင်း
အိပ်ရေးဝဝအိပ်ဖို လိုအပ်ပြန်တယ်။

နံနက်စောစောလမ်းလျှောက်တဲ့အခါ
ခွေး​​​ကြောက်လို ဒုတ်ကောက် ဆောင်ရ၊
မယုံရတသက် စုံ မ တွက်ခါ
၄ နာရီခြား လာ ပြတ်မို
အနတ္တ အနတ္တ လို နှလုံးသွင်း
သေခြင်းဟာ ရှင်ခြင်းမှာ စိုက်ဝင်နေပါလား။ ။

ရင်နီ
6:54 am
26.3.2026
#မသေမရှင်

အရွယ်အရ
ကိုယ်တွင်းကလီစာတွေ မပျက်စီးအောင်
ဓာတုဆေးဝါးနဲ့စောင့်ရှောက်ရင်း
ကြွက်သားနဲ့ အရိုးအတွက်
ဖြည့်စွက်စာ စားရတယ်။

ဝမ်းမှန် ဆီးမှန် အကြောသန်ဖို
အနေအထိုင်ဆင်ချင်
လိုအပ်ရင်
မစင်ကိုပင် လစဥ်ကြေး ပေးရတယ်။

ခေတ်ကြီးကို ဖြစ် ပျက်ရှုရင်း
အိပ်ရေးဝဝအိပ်ဖို လိုအပ်ပြန်တယ်။

နံနက်စောစောလမ်းလျှောက်တဲ့အခါ
ခွေး​​​ကြောက်လို ဒုတ်ကောက် ဆောင်ရ၊
မယုံရတသက် စုံ မ တွက်ခါ
၄ နာရီခြား လာ ပြတ်မို
အနတ္တ အနတ္တ လို နှလုံးသွင်း
သေခြင်းဟာ ရှင်ခြင်းမှာ စိုက်ဝင်နေပါလား။ ။

ရင်နီ
6:54 am
26.3.2026

Leave a Reply

Your email address will not be published. Required fields are marked *