Photos

Photos
Photos
Photos
ခံဝန်ထိုးထားသည့် ဒေသခံ ၁၀ ဦးအား စစ်ကော်မရှင်က မလွှတ်ပေးသည့်အပြင် တရားစွဲမည်ဟုဆို

By – ချယ်ရီနွေဦး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်၊ ညောင်ဗက်ကျေးရွာတွင် ဖမ်းဆီးထားသည့် ပအိုဝ်းဒေသခံ ၁၀ ဦးကို ယနေ့ (ဧပြီ ၃၀)၌ စစ်ကော်မရှင် လက်အောက်ခံ ဟိုပုံးရဲစခန်းမှ တရားစွဲဆိုသွားမည်ဟု နီးစပ်သူများက ပြောသည်။

အဆိုပါ ၁၀ ဦးမှာ ညောင်ဗက်ကျေးရွာအား ရွှေ့ပြောင်းပေးရန် စစ်ကော်မရှင်၏ ညွှန်ကြားချက်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့သဖြင့် ဖမ်းဆီးခဲ့လိုက်ရခြင်း ဖြစ်သည်။

နီးစပ်သူ အမျိုးသမီး တစ်ဦးက “ကျမတို နားလည်တာတော့ ခံဝန်ထိုးရင် ပြန်လွှတ်မယ်ပေါ့။ အခုက ထောင်ချမယ်ဆိုတော့ အိမ်လည်း ဆုံးမယ်၊ လူလည်း မလွတ်ဘူး။ မိအေး ၂ ခါနာတယ်ပဲ ပြောရမလား။ ဘာမှတော့ မမျှော်လင့်ထားဘူးလေ။ သူတို အာဏာရှိရင် သူတို သဘောတိုင်းပဲ” ဟု ပြောသည်။

ညောင်ဗက်ကျေးရွာသို မတ်လ ၃၀ ရက်နေ့ည သန်းခေါင်၌ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA)၊ ထွေအုပ်နှင့် မြေပွဲစားများက လာရောက်ခဲ့ပြီးနောက် ဒေသခံများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာ ၁၂ ဦး ဖမ်းဆီး ခံခဲ့ရသည်။

ဖမ်းဆီးခံရသည့် ၁၀ ဦးအနက် ၂ ဦးမှာ ယမန်နေ့ (ဧပြီ ၂)တွင် ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း ကျန်ရှိနေသေးသည့် ၁၀ ဦးအတွက် စိုးရိမ်ပူပန်နေရသည်ဟု ညောင်ဗက်ရွာခံ တောင်သူ တစ်ဦးက ပြောသည်။

“စဖမ်းတဲ့ရက်တုန်းကတော့ ထမင်းမကျွေးဘူးလို ကြားတယ်။ အခုတော့ ဘယ်လိုလဲ မသိဘူး။ လူတွေ့ခွင့်တော့ မရဘူး”

လက်ရှိ ဖမ်းဆီးခံထားရသည့် ၁၀ ဦးတွင် ရွာလူကြီး တစ်ဦး အပါအဝင် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂ ဦး ဖြစ်ပြီး သက်ကြီးရွယ်အို အများစု ပါဝင်ကြသည်ဟု သိရသည်။

ညောင်ဗက်ကျေးရွာမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ပအိုဝ်းအမျိုးသား အဖွဲချုပ်ပါတီ (PNO) မပေါ်ပေါက်မီကတည်း တည်ထောင်ထားသည့် ကျေးရွာဖြစ်ပြီး ရွာပိုင်မြေများ ဖြစ်သည်။

ယင်းကျေးရွာအား ၁၉၉၂ ခုနှစ်က တပ်ပိုင်မြေအဖြစ် သတ်မှတ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် ဦးသိန်းစိန်အစိုးရ လွှပြောင်းခါနီး၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲကို လွှပြောင်းပြီး ဖြစ်သည်ဟု ဆိုသည်။

သိုသော် စစ်အာဏာသိမ်းပြီးနောက်ပိုင်း၌ စစ်ကော်မရှင် လက်အောက်ခံ PNO ပါတီနှင့် မြေပွဲစားများက လက်ဝါးချင်းရိုက်၍ ရွာမြေများအား အကွက်ရိုက်ရောင်းစားကြရန် စီစဉ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *