By – Lin Kha
၂၀၁၅-၂၀၁၆ ခုနှစ်ရဲ့ ပရီးမီးယားလိဒ်ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာစီးတီးအသင်းဟာ ဖလားရပြီနောက်မှာ စီမံခန့်ခွဲမှုအမှားတွေကြောင့် ပြီးခဲ့တဲ့ရာသီမှာ လိဒ်ဝမ်းအထိ တန်းဆင်းခဲ့ရပါတယ်။
လက်စတာစီးတီးအသင်းရဲ့ဆက်တိုက် အရှုံးပေါ်မှုတွေနဲ့ အခက်အခဲတွေကြောင့် လက်ရှိ အသင်းကို ပေါင်(၂၂၄)သန်းနဲ့ အရောင်းစာရင်းတင်လိုက်ပြီး ဖြစ်ပါတယ်။
လက်စတာစီးတီးအသင်းကို ထိုင်းနိုင်ငံအခြေစိုက် King Power လုပ်ငန်းစုက ပိုင်ဆိုင်ထားပြီ ၂၀၁၀ ခုနှစ်က ပေါင် (၃၅) သန်းနဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဝယ်ယူစဉ်မှာ လက်စတာ စီးတီးဟာ လိဒ်ချန်ပီယံရှစ်မှာသာ ကစားနေတဲ့အသင်း ဖြစ်ပါတယ်။
King Power လုပ်ငန်းစုရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ ပရီးမီးယားလိဒ်ကိုတန်းတက်နိုင်ခဲ့ပြီ ၂၀၁၅-၂၀၁၆ မှာအသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပရီးမီးယားလိဒ် ချန်ပီယံဖြစ်ခဲ့ပါတယ်။
၂၀၂၀-၂၁ခုနှစ်မှာ FA ဖလားမှာဗိုလ်စွဲခဲ့ပေမယ့် နောက်ပိုင်းမှာ စီမံခန့်ခွဲမှု အမှားတွေကြောင့် ခြေစွမ်းမတည်မငြိမ်ဖြစ်လာပြီး ၂၀၂၂-၂၃ ရာသီမှာ ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ပါတယ်။ လိဒ်ချန်ပီယံရှစ်မှာလည်း ရလဒ်မကောင်းခဲ့ပဲ ပြီးခဲ့တဲ့ရာသီမှာ လိဒ်ဝမ်းကို ထပ်မံ တန်းဆင်းခဲ့တာကြောင့် ယခုအခါမှာ အသင်းကို Citibank မှာ ဈေးကွက်တင်ပြီး ရောင်းချဖို့ပြင်ဆင်နေပြီး ဖြစ်ပါတယ်။
ဓါတ်ပုံ – Crd