ထိုင်းဝန်ကြီးချုပ်ဟောင်း ၃ ဦးနဲ့ လက်ရှိဝန်ကြီးချုပ် တွေ့ဆုံ

ဘန်ကောက်၊ ဩဂုတ် ၁၅
ထိုင်းနိုင်ငံ အူဘွန်ရာချာသနီပြည်နယ်မှာ ကျင်းပတဲ့ နာရေးအခမ်းအနားတစ်ခုအတွင်း လက်ရှိဝန်ကြီးချုပ် အနူတင် ချန်ဝီရာကွန်နဲ့ ဝန်ကြီးချုပ်ဟောင်း ၃ ဦးဖြစ်တဲ့ သက်ဆင် ရှင်နာဝပ်၊ ပေတုန်တန် ရှင်နာဝပ်နဲ့ ဆုမ်ချိုင် ဝေါင်ဆာဝပ်တို့ တွေ့ဆုံခဲ့ကြပါတယ်။
သောကြာနေ့က ကျင်းပတဲ့ အခမ်းအနားမှာ ဝန်ကြီးချုပ် အနူတင်က ဝန်ကြီးချုပ်ဟောင်း ဒုတိယပြည်ထဲရေးဝန်ကြီးဟောင်း ခရိယန် ကလပ်တီနန်ရဲ့ နာရေးအခမ်းအနားကို ဦးဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ၃ ဦးကတော့ ကုသိုလ်ပြုအခမ်းအနားကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုဟာ ထောင်ဒဏ်မှ လွတ်မြောက်လာပြီးနောက် လက်ရှိဝန်ကြီးချုပ် အနူတင်နဲ့ သက်ဆင် ရှင်နာဝပ်တို့ ပထမဆုံးအကြိမ် လူမြင်ကွင်းမှာ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအရ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ တစ်နေရာတည်းမှာ တွေ့ဆုံခဲ့တာကြောင့် ဒီအခမ်းအနားဟာ ထိုင်းနိုင်ငံရေးအခြေအနေအပေါ် စိတ်ဝင်စားမှု မြင့်တက်စေခဲ့ပါတယ်။
Refer/ Photo- Khaosod English

Leave a Reply

Your email address will not be published. Required fields are marked *