နွန်ထဘူရီပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ သေနတ်ပစ်ခံရပြီး သေဆုံး၊ လွှတ်တော်အမတ်ဟောင်း ချလောင်ကို ထိန်းသိမ်းထား

မဲဆောက်၊ ဩဂုတ် ၁၀
ထိုင်းနိုင်ငံ နွန်ထဘူရီ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ (PAO) ဥက္ကဋ္ဌ ရဲဗိုလ်မှူးကြီး ထုံချိုင် ယန်ပရာဆတ်ကို ဩဂုတ်လ ၁၀ရက် မနက်ပိုင်းက သေနပ်ပစ်ခတ်ခံရသည့် ဒဏ်ရာရခဲ့ပြီးနောက် မွန်းလွဲ ၂ နာရီ ၃၆ မိနစ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ရဲဗိုလ်မှူးကြီး ထုံချိုင်ကို မနက်ပိုင်းက နွန်ထဘူရီ လွှတ်တော်အမတ်ဟောင်း ချလောင် ရီဝါရန်း က
သေနတ်ဖြင့် ပစ်ခတ်တာကိုခံခဲ့ရပြီး ကျည်ဆန်တစ်ချက်မှာ လည်ပင်းက အဓိကသွေးကြောအနီး ထိမှန်ဒဏ်ရာကို ဆေးရုံမှာ ဆရာဝန်များက အရေးပေါ် အသက်ကယ်ကုသမှုများ ပြုလုပ်ခဲ့သော်လည်း သွေးထွက်လွန်ကာ သေဆုံးခဲ့တာပါ။
အခု ဖြစ်စဉ်အတွင်း ရဲဗိုလ်မှူးကြီး ထုံချိုင် ရဲ့ကားမောင်းဖြစ်သူ “ယော့ဒ်” မှာလည်း ညာဘက်လက်မောင်းတွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမှုခံယူနေရပြီး ဆရာဝန်များက အဓိကသွေးကြောနဲ့ အရိုးများ ထိခိုက်မှုရှိ၊ မရှိ ဆက်လက်စစ်ဆေးကုသပေးနေတယ်လို့ သိရပါတယ်။
လတ်တလော သေနပ်ပစ်ခတ်မှု့ ဖြစ်စဉ်အပေါ် ထိုင်းဒုတိယအမျိုးသားရဲချုပ် ရဲဗိုလ်ချုပ် ဆမ်ရန် နွာလ်မာကသံသယရှိသူအဖြစ် နွန်ထဘူရီ လွှတ်တော်အမတ်ဟောင်း ချလောင် ရီဝါရန်းကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး သေနပ်ပစ်ခတ်ခဲ့တဲ့ အကြောင်းရင်းကို အမှတ် ၁ ရဲတိုင်းတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *