ဩဂုတ်လ – ၁၂ ရက်
ထိုင်းနိုင်ငံမှာ လူသေဆုံးမှုများပြားခဲ့တဲ့ ကျောင်းပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ် အနုတင် ချန်ဝီရာကွန်းက သေနတ်ဝယ်ယူခွင့်လိုင်စင်အသစ်တွေ ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဒါ့အပြင် လက်ရှိ ထုတ်ပေးထားပြီးသား သေနတ်လိုင်စင်တွေကိုလည်း ပြန်လည်စစ်ဆေးသွားမယ်လို့ ဝန်ကြီးချုပ် အနုတင်က ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ သေနတ်ပိုင်ဆိုင်မှုနဲ့ သေနတ်အကြမ်းဖက်မှုကိစ္စတွေဟာ အစိုးရအတွက် အရေးကြီးတဲ့ လုံခြုံရေးပြဿနာတစ်ခု ဖြစ်လာနေပါတယ်။
ထိုင်းနိုင်ငံအတွင်း သေနတ်နဲ့ပစ်သတ်မှု ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် သေနတ်ဝယ်ယူခွင့်၊ ပိုင်ဆိုင်ခွင့်နဲ့ အများပြည်သူကြား သေနတ်သယ်ဆောင်ခွင့် စည်းမျဉ်းတွေကို ပိုမိုတင်းကျပ်ဖို့ တောင်းဆိုမှုတွေ မြင့်တက်လာ ပြီးနောက် အခုလို ညွှန်ကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကိုးကား – Reuters
ဓါတ်ပုံ – Reuters