ထိုင်း-မြန်မာနယ်စပ်က ရွှေကုက္ကိုမြို့သစ်မှာ တရုတ်ကျားဖြန့် ငွေလိမ်ဂိုဏ်းလုပ်ငန်းတွေနဲ့ပတ်သက်လို့ နာမည်ကျော်နေတဲ့ ဗိုလ်မှူးကြီးစောချစ်သူရဲ့KNA ကရင့်ငြိမ်းချမ်းရေးတပ်ဖွဲ့က ဩဂုတ်လ ၁၂ ရက်မှာ ကျရောက်တဲ့ ၇၆နှစ် မြောက်ကရင်အာဇာနည်နေ့အခမ်းအနားကိုဒီကနေ့ မနက်ပိုင်းမှာ KNA တပ်ဖွဲ့ ဝင်တွေ အင်အားထောင်ချီစစ်ရေးပြချီတက်အလေးပြုပြီး ကျင်းပခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ်က မိခင် KNU က ကရင်အမျိုးသားအစည်းအရုံးကနေ DKBA တိုးတက်သောဗုဒ္ဓဘာသာကရင်တပ်မတော်ကို ထူထောင်ပြီး
အကြမ်းဖက်စစ်တပ်နဲ့ အပစ်ရပ်ငြိမ်းချမ်းရေးလက်မှတ်ထိုးခဲ့ချိန်ကစလို့ ကရင့်အာဇာနည်နေ့ကို
မကျင်းပတော့တာ နှစ်ပေါင်း၃၀ကျော်အကြာ ဒီကနေ့မှာတော့ ပထမဆုံးအကြိမ်အဖြစ် KNA တပ်ဖွဲ့ကပြန်လည်ကျင်းပတာပါ။
ဒီကနေ့ အခမ်းအနားမှာတော့ KNA တပ်ဖွဲ့အသွင် ပြောင်းလိုက်တဲ့ ဗိုလ်မှူးချုပ်စောချစ်သူနဲ့ သူ့ရဲ့တပ်မှူးတပ်ဗိုလ်တွေ၊ တပ်မိသားစုဝင်တွေ၊ရဟန်းသံဃာတော်တွေနဲ့ ကရင်အရပ်လူကြီးများအပါအဝင် ရွှေကုက္ကိုလ်ဒေသခံတွေ ပါဝင်တက်ရောက်ကြတာကိုမြင်တွေ့ရပါတယ်။
လက်ရှိမှာတော့ ကရင်ပြည်နယ်ရဲ့နယ်ခြားစောင့်တပ် BGFတပ်ဖွဲ့ကနေ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှုးမောင်ဝင်း၊ဗိုလ်မှုးတင်ဝင်းတို့ ရဲ့လက်အောက်ခံ တပ်တွေက KNA တပ်ဖွဲ့အဖြစ်အသွင်ပြောင်းလဲဖွဲ့စည်းလိုက်ပေမယ့် မြဝတီ၊ ဖားအံမြို့ဘက်တွေမှာတော့ စစ်အုပ်စုနဲ့ စစ်ရေး၊လုံခြုံရေး၊စီးပွားရေး၊ဒေသဖွံဖြိုးရေးကိစ္စတွေမှာပူးပေါင်းလုပ်ဆောင်မှုတွေ ဆက်ရှိနေတာကို တွေ့ရပါတယ် ။
အခုလို အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းနေဆဲဖြစ်တဲ့ KNAတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူကို
ရွှေကုက္ကိုဒေသမှာ ကျင်းပတဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနားနဲ့ ပတ်သက်ပြီး စစ်အုပ်စုတပ်ဘက်ကတစ်စုံတစ်ရာထုတ်ပြန်သတိပေးတားမြစ်တာမျိုးတော့မရှိသေးပါဘူး။
လက်ရှိ ရွှေကုက္ကိုမြို့သစ်မှာ ကမ္ဘာကျော် တရုတ်ကျားဖြန့်ငွေလိမ်လုပ်ငန်းအဆောက်အဦးရာချီရှိတဲ့အထဲက တိုက်အဆောင် ၇၀ကျော်ကို ဖြိုဖျက်ခဲ့ပြီးကြောင်းအာဏာသိမ်စစ်အုပ်စုက ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာသတင်းထုတ်ပြန်ပါတယ်။
ဒါပေမယ့်လက်ရှိ ရွှေကုက္ကိုဒေသအနီးဝန်းကျင်နဲ့ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့နယ်၊ကော့ကရိတ်မြို့နယ်ဧရိယာက တောင်တန်းလျိုမြှောင်နေရာတွေမှာ တရုတ်ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေကို KNA တပ်ဖွဲ့ကနေရာရွေ့ပြီးလုပ်ကိုင်ခွင့်ပေးနေတုန်းဘဲလို့ အမည်မဖော်လိုတဲ့ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဒီကနေ့ကျင်းပတဲ့ KNA တပ်ဖွဲ့ရဲ့ကရင်အာဇာနည်နေ့အခမ်းအနားအပေါ်မှာတော့ ဗိုလ်မှူးချုပ်စောချစ်သူအနေနဲ့ မိန့်ခွန်းတစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုတာမျိုးမတွေ့ရှိရသေးပေမယ့် ရွှေကုက္ကိုဒေသခံတွေအနေနဲ့ ကရင့်အာဇာနည်နေ့ ပြန်ကျင်းပတဲ့အပေါ် ဝမ်းသာပီတိဖြစ်ရပြီး ကရင့်တော်လှန်ရေးမှာ ကျဆုံးခဲ့ကြတဲ့ကရင့်ခေါင်းဆောင်တွေကို ဝမ်းနည်းအမှတ်တရရှိနေတုန်းဘဲလို့ပြောပါတယ်။