ဆီမှောင်ခိုဝယ်ယူမှု မြင့်တက်လာနေချိန်မှာ မဲဆောက်ဆီဆိုင်ထဲမှာမြန်မာကားတစ်စီးမီးလောင်ပျက်စီး

ဇွန် ၁၀၊ ၂၀၂၆

ထိုင်း−မြန်မာနယ်စပ် မဲဆောက်မြို့ဘက်ကို မြဝတီမြို့ဘက်က စက်သုံးဆီဝယ်ယူရာမှာ အခုမေလနဲ့ ဇွန်လထဲမှာ တရားမဝင်နည်းလမ်းအသုံးပြုပြီး ဝယ်ယူနေကြတဲ့ မြန်မာကားတွေများလာနေပါတယ်။

အဲ့ဒီလို မြန်မာဘက်ကကားတွေဆီအဝယ်များလာ ချိန်မနေ့ကဇွန်လ ၉ ရက်ညနေ၄နာရီကျော်အချိန်က မဲဆောက်လေဆိပ်အနီးက Ptt ဆီဆိုင် မှာ ဆီလာဝယ် တဲ့ မြန်မာကားတစ်စီးအတွင်းကမီးစလောင်မှု့ ဖြစ်ပြီးကားတစ်စီးလုံး ဆီဆိုင်ဝင်းထဲမှာမီးလောင်ပျက်စီးသွားခဲ့ပါတယ်။

မြန်မာဘက်ကတရားမဝင်နည်းနဲ့ဆီဝယ်ယူပြီး တစ်ဆင့်ပြန်ရောင်းချနေတဲ့ကားတွေကြောင့်မဲ ဆောက်မြဝတီတံတားအမှတ် ၁ မှာ နေ့စဉ်ယာဉ် ကျောပိတ်ဆို့ မှုတွေဖြစ်နေသလို အဲ့ဒီယာဉ်တွေကိုလာဘ်ငွေယူပြီးသွားလာခွင့်ပြုထားတဲ့ မြန်မာဘက်အခြမ်းစစ်အုပ်စုဌာနဆိုင်ရာတွေကြောင့် အခုလို
မှောင်ခိုလုပ်ကိုင်လို့ရနေတာလို့အခြေအနေသိတဲ့ မြန်မာယာဉ်မောင်းတစ်ဦးကပြောပါတယ်။

” မြန်မာကားတွေကလိုင်စင်ကားဘဲမဲဆောက်ဘက်သွားလို့ရတာလေ၊ အခုကလိုင်စင်အတုတွေ နဲ့ မဲ ဆောက်ဝင်ခွင့်ကဒ်တွေ ကို တံတားကစစ်အုပ်စုဆီမှာလာဘ်ပေးပြီး လုပ်ထားကြတာကနေ မဲဆောက်ဆီဆိုင်တွေကို တစ်နေ့ ၃‌ခေါက် လောက် ဝင်ဝယ်လို့ရနေတာ ဆိုတော့ တစ်နေ့ကို ၄/၅သိန်းလောက်အမြတ်ရနေတယ်၊ဆီတစ်‌နေ့ကိုလီတာ ရာချီပြီး မှောင်ခိုဝယ်ရောင်းလုပ်နေကြတာ” လို့ အခြေ အနေသိတဲ့ မြဝတီမြို့ခံ ယာဉ်ပိုင်ရှင် တစ်ဦးက PRMကို ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံဘက်အခြမ်းက ကား တွေမှာကိုယ်ပိုင်သုံးဖို့ ကားဆီတိုင်ကီအပြည့်ဝယ်ယူသူများ ရှိသလို၊အချို့က ဆီတိုင်ကီ အပိုတပ်ဆင်ဝယ်ယူတာ၊ ဆီပုံးနဲ့ လဲထည့်ပြီး မှောင်ခိုသယ်ယူတာ၊ ထိုင်းကားနဲ့ ဆီဝယ်ယူပြီး မြန်မာကားဆီ ပြန်ထည့် သယ်ယူတာအပြင် ခိုးကူးဂိတ် တွေက နေ ပုံးနဲ့သယ်ယူတာမျိုး အထိ နည်းမျိုးစုံဖြင့် ထိုင်းနိုင်ငံထုတ် စက်သုံးဆီ ကို မြန်မာဘက်သယ်ယူနေတာလို့ သိရပါတယ် ။

” ထိုင်းဆီကဘတ်ဈေးနဲ့တွက်ရင်တစ်လီတာဘတ် ၄၀ကျော်ဘဲရှိတယ်၊ မြန်မာဘက်မှာပြန်ရောင်းရင် တစ်လီတာ ၈ ထောင် ၊၁‌ သောင်းပြန်ရတယ်ဆို တော့တွက်ခြေကိုက်တယ်၊ မဲဆောက်မှာ မြန်မာကားတွေဆီပြန်ရောင်းတော့ မနေ့က ဆီ ဆိုင်ထဲ မီးလောင်တဲ့ကားလိုဖြစ်ကုန်တာပေါ့ ၊ဆီကဲ့ဖို့လုပ်နေတုန်းမီးလောင်တာလို့ထင်ပါတယ်၊ ထိုင်းမီးသတ် ချက်ခြင်းမီးငြိမ်းနိုင်လို့ ပြီးသွားတာ တစ်ဆိုင်လုံး လောင်လို့က တော့ မလွယ်ဘူး” လို့ မျက်မြင်ရှိခဲ့တဲ့မြန်မာ ဆီ အရောင်းဆိုင်ဝန်ထမ်းကပြောပါတယ်။

ဒီကနေ့ ဇွန်လ ၁၀ ရက် နေ့ မှာတော့မဲဆောက်ဆီဆိုင်တွေမှာမြန်မာကားတွေဆီမရောင်းတော့တဲ့အခြေ အနေသတင်းများပြန့် နှံနေပေမယ့်ဆီဆိုင်တစ်ချို့ မှာတော့မြန်မာကားတွေဆီလာဝယ်ယူနေတဲ့အခြေ အနေပုံမှန်ဆက်ရှိနေပြီးမြန်မာဘက်ကားတွေကိုဆီမရောင်းတော့တာမျိုးကြော်ငြာကပ်တာမျိုးလဲမရှိသေးဘူးလို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *