ရေစကြိုနယ်က အုပ်ချုပ်ရေးမှူး နဲ့ သားဖြစ်သူ ပျုစောထီးတို့ ပစ်ခတ်ရှင်းလင်းခံရ။

By – ထက်မြတ်
Date – June 9, 2026

မကွေးတိုင်း ၊ ရေစကြိုမြို့နယ်က အုပ်ချုပ်ရေးမှူး နဲ့ သားဖြစ်သူ ပျုစောထီးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖ ဆီကသိရပါတယ်။

ဇွန်လ ၈ ရက် ညပိုင်းလောက်မှာ ရေစကြိုမြို့နယ် အမှတ်(၄)ရပ်ကွပ်မှာနေထိုင်တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးလွင်မျိုးအောင်(ခ)ငလွင် နဲ့ သားဖြစ်သူ ပျူစောထီး ရဲမာန်တို့ကို ၎င်းတို့နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

အခုလို ကာကွယ်ရေးတပ်တွေက ဝင်ရောက်ဖမ်းဆီးချိန် ဦးလွင်မျိုးအောင် နဲ့ သားဖြစ်သူ ရဲမာန်တို့ကထွက်ပြေးခဲ့တဲ့အတွက် လိုက်လံပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားတယ်လို့ဆိုပါတယ်။

“အဖေက အုပ်မှူး သားက ပျူ။ ဟိုဆွဲ ဒီဆွဲ ပျူစုဆောင်းတာတွေ လုပ်နေတာ။မြို့ပေါ်နေအိမ်ထိ သွားဖမ်းတာ အဖမ်းမခံဘဲ ထွက်ပြေးလို့ ပစ်ခတ်လိုက်ရတာ”လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖမှတာဝန်ရှိသူကပြောပါတယ်။

၎င်းတို့ သားဖနှစ်ဦးကို ပစ်ခတ်ရှင်းလင်းပြီးနောက် အကြမ်းဖက်စစ်အုပ်စုက လိုက်လံရှာဖွေမှုများပြုလုပ်ပြီး လက်နက်ငယ်များ နဲ့ ရမ်းသမ်းပစ်ခတ်တာမျိုးတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဦးလွင်မျိုးအောင်‌ဟာ အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အုပ်ချုပ်ရေးမှူးအဖြစ်စတင်လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

ဆက်လက်ပြီးရေစကြိုမြို့ပေါ်မှာ စစ်ကောင်စီနဲ့ပတ်သက်သည့်သူများကို ထိရောက်စွာအပြစ်ပေးအရေးယူသွားမှာဖြစ်ကြောင်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖအသိပေးထုတ်ပြန်ထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *