မဲဆောက်၊ ဇွန် ၉၊ ၂၀၂၆
ထိုင်းနိုင်ငံ မဲဆောက်-မြဝတီတံတားအနီးကို မောင်းလာတဲ့ ကုန်တင်ပစ်ကပ်ကား (Pick-up) တစ်စီးကို မဲ
ဆောက် ရဲတပ်ဖွဲ့က ဇွန်လ ၉ရက် မနက် ၉နာရီ ကျော်အချိန်ကစစ်ဆေးရန်တားဆီးစဉ်မရပ်တန့်ဘဲ ထွက် ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ ထိုင်းနိုင်ငံသားယာဉ်မောင်း၁ဦး အပါအဝင် ယာဉ်ပေါ်ပါသူ တရုတ်နိုင်ငံသား ၅ဦး မှ ၃ဦး ဖမ်းဆီးရမိပြီး၊၂ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကနဦးသိရပါတယ်။
အခုလို ဖမ်းဆီးတာမှာ တရုတ်နိုင်ငံသားများတင်လာတဲ့ကားက ကျူလာရတ် ဆေးရုံမီးပွိုင့်နေရာမှ လမ်းနောက်ပြန်ဆုတ်ပြေးတာမှာ မဲဆောက်မြို့ ဖတ်ထဝိကျောင်းရှေ့နေရာတွင် အစားအသောက်ပို့ဆောင်တဲ့ ဆိုင်ကယ်ကယ်ရီတစ်ဦးကို တိုက်မိခဲ့တာကြောင့် နေရာတွင်ထိုသူမှာပင် သေဆုံးခဲ့ရပါတယ်။
အဲ့ဒီလို လူတိုက်မိထွက်ပြေးတဲ့ကားကို မဲဆောက် ရဲတပ်ဖွဲ့က လိုက်လံ ပစ်ခတ်ဖမ်းဆီးတာမှာ
ကားတာယာနဲ့အင်ဂျင်ကို သေနတ်(၁၂) ချက် ပစ်ခတ်ရပ်တန့်စေရာမှာ တော့ မဲဆောက်မြူနီစီပယ်ရုံးအနီး နေရာလမ်းပိုင်းမှာ လက်ရဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
လတ်တလော မဲဆောက်ရဲတပ်ဖွဲ့ စစ်ဆေးချက်တွေ အရတရားခံ ကားမောင်းသမားက တရုတ်နိုင်ငံသား စုစုပေါင်း ၅ ဦးတင်ဆောင်လာခြင်းဖြစ်ပြီး ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားတာကြောင့်
ဆက်လက်ရှာဖွေနေသလို လက်ရှိမှာ ရဲတပ်ဖွဲ့က ထိုင်းယာဥ်မောင်းသမား၁ဦးနဲ့ တရုတ်နိုင်ငံသား၃ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ထိုင်းဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်မယ်လို့ သိရပါတယ်။