ဇွန်လ – ၂ ရက်
အိန္ဒိယနိုင်ငံရဲ့ ၂၀၂၆ ခုနှစ် မုတ်သုံမိုးရာသီဟာ ၁၁ နှစ်အတွင်း အားအနည်းဆုံး ဖြစ်လာနိုင်တယ်လို အိန္ဒိယ မိုးလေဝသဌာန (IMD) က သတိပေးလိုက်ပါတယ်။
မုတ်သုံမိုးဟာ အိန္ဒိယနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်နေတဲ့ နှစ်စဉ်မိုးရေ ၇၀ ရာခိုင်နှုန်းကျော်ကို ပံ့ပိုးပေးနေတဲ့ အဓိကအရေးပါတဲ့ သဘာဝအရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ပြီး ငွေကြေးဖောင်းပွမှု (Inflation) ပိုမိုကြီးထွားလာနိုင်ကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြပါတယ်။
စိုက်ပျိုးရေးထုတ်လုပ်မှု လျော့နည်းလာပါက အစားအစာဈေးနှုန်းများ မြင့်တက်လာနိုင်ပြီး၊ အိန္ဒိယဗဟိုဘဏ်ရဲ့ ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေး မူဝါဒများအတွက်လည်း စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ဆိုပါတယ်။
လက်ရှိမှာ အိန္ဒိယအစိုးရအနေနဲ့ ရေစီမံခန့်ခွဲမှုနှင့် စိုက်ပျိုးရေးထောက်ပံ့ရေး အစီအစဉ်တွေကို အရှိန်မြှင့်ဆောင်ရွက်ဖို ပြင်ဆင်နေပြီး မိုးခေါင်ရေရှားမှု ဖြစ်ပွားနိုင်တဲ့ ဒေသတွေကို အနီးကပ် စောင့်ကြည့်လျက်ရှိနေတယ်လို သိရပါတယ်။
ကိုးကား – reuters
ဓါတ်ပုံ – reuters
အိန္ဒိယမှာ ၁၁ နှစ်အတွင်း မုတ်သုံမိုးရာသီ အားအနည်းဆုံးဖြစ်လာနိုင်