အီရန်နဲ့ တိုက်ပွဲဖြစ်နေတဲ့ အမေရိကန်က နှစ်ပတ်၊ သုံးပတ်အတွင်း ရပ်မယ်

Photos

By – Hein
Date – April 1 , 2026

အီရန်ကို စစ်ခင်းနေတာ နှစ်ပတ် ဒါမှမဟုတ် သုံးပတ်အတွင်း အဆုံးသတ်တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ပြောလာပါတယ်။

“ကျွန်တော်တို့ မကြာခင် ထွက်ခွာတော့မှာပါ” ဆိုပြီး မတ်လ ၃၁ ရက်နေ့မှာသမ္မတထရမ့်က အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

အမေရိကန်အနေနဲ့ အီရန်မှာ အုပ်စိုးသူတွေ နျူကလီးယား လက်နက်မလုပ်နိုင်တော့တဲ့အထိ သေချာအောင် လုပ်အပြီး လာမယ့် သီတင်းနှစ်ပတ်အတွင်းမှာပဲ ‘‘အီရန်အရေး အမေရိကန်ပါဝင်မှု ဆက်ရှိတော့မှာ မဟုတ်ဘူး’’ လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

ထရမ့်က အမေရိကန်ဟာ အခုဆို အီရန်ဝေဟင်ပိုင်နက်ကို လွှမ်းမိုးနိုင်ပြီဖြစ်ပြီး အီရန် စစ်ဘက်နဲ့ ထိပ်ပိုင်းအုပ်စိုးသူတွေကို ရှင်းလင်းနိုင်ခဲ့ပြီးတဲ့နောက်မှာ အုပ်စိုးသူအပြောင်းအလဲဖြစ်အောင်လည်း လုပ်နိုင်ပြီလို့ ပြောပါတယ်။

နောက်ပြီး တီဟီရန်မှာ လက်ရှိခေါင်းဆောင်နေတဲ့သူဟာ အရင်လူတွေထက် ‘‘အစွန်းမရောက်၊ သဘောထား မတင်းမာလှဘူး’’ လို့ သူက ပြောသလို ‘‘ယုတ္တိရှိရှိလည်းတွေးဆနိုင်သူ’’ ဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်ပွဲရဲ့ ရိုက်ခတ်မှုကြောင့် လောင်စာဆီစျေးနှုန်းတွေ မြင့်တက်လာတာကို သမ္မတက အမေရိကန်ရဲ့ စစ်ပွဲအဆုံးသတ်တာနဲ့ စျေးတွေ ချက်ချင်းပြန်ကျလိမ့်မယ်လို့ ပြောသွားပါတယ်။

ဓါတ်ပုံ – Social Media

Leave a Reply

Your email address will not be published. Required fields are marked *