ဂါဇာရှိ ကျောင်းတစ်ကျောင်းအနီး အစ္စရေးလေကြောင်းတိုက်ခိုက်၊ ပါလက်စတိုင်း ၁၀ ဦးထက်မနည်း သေဆုံး

Photos

People’s Radio Myanmar
April 7, 2026

ဂါဇာအလယ်ပိုင်းမှာရှိတဲ့ နေရပ်စွန့်ခွာရွှေ့ပြောင်းလာသူ ပါလက်စတိုင်းသားတွေ ခိုလှုံနေတဲ့ ကျောင်းတစ်ကျောင်းအနီးကို ဧပြီ ၆ ရက်နေ့ တနင်္လာနေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှု အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားပါတယ်။

ကျောင်းအတွင်း ခိုလှုံနေကြတဲ့ လူတချို့ကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ကြတဲ့ အစ္စရေးကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့ နဲ့ ကျောင်းတွင်းခိုလှုံကြသူ ပါလက်စတိုင်သားတွေကြား ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း အစ္စရေးက ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်ခံရတဲ့ကျောင်းဟာ မဂါဇီ ဒုက္ခသည်စခန်း ရဲ့အနီးမှာရှိတာဖြစ်ပြီး အဲ့ဒီ မဂါဇီ ဒုက္ခသည်စခန်းဟာ အစ္စရေးစစ်တပ်ဘက်က စစ်ဘေးကင်းဇုန်အဖြစ် သတ်မှတ်ထားတဲ့နေရာဖြစ်ပါတယ်။

အယ်လ်အက်ဆွာ ဆေးရုံရဲ့ ထုတ်ပြန်ချက်အရ မဂါဇီ ဒုက္ခသည်စခန်းအနီး လက်နက်ကြီးနဲ့တိုက်ခိုက်ခံရတာကြောင့် သေဆုံးသူအနည်းဆုံး ၁၀ ဦး ရှိပြီး ဒါဇင်ချီ ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီထဲ ၆ ဦးကတော့ စိုးရိမ်စရာအခြေနေဖြစ်နေတယ်လို့ သိရပါတယ်။

မျက်မြင်သက်သေတစ်ဦးဖြစ်သူ အာမက်အယ်လ်မဂါဇီက “ဒေသခံတွေဟာ သူတို့ရဲ့ အိမ်တွေကို ကာကွယ်ဖို့ ကြိုးစားခဲ့ကြတာပါ။ ဒါပေမဲ့ အစ္စရေးတပ်ဖွဲ့တွေက သူတို့ကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်” ဟု ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဘေးကင်းဇုန်လို့ သတ်မှတ်ထားပေမယ့်လည်း အစ္စရေးက အဲ့ဒီနေရာကို အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက တိုက်ခိုက်မှုတစ်ခုမှာအမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။

ဒါ့အပြင် ယနေ့ ဧပြီ ၇ ရက်နေ့ အစောပိုင်းကလည်း ဂါဇာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်းတစ်ဦး လိုက်ပါလာတဲ့ ယာဉ်ကို အစ္စရေးစစ်တပ်က ပစ်ခတ်ခဲ့လို့ ဝန်ထမ်းသေဆုံးပြီး အခြားသူတွေလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဘာသာပြန်သတင်း
ပုံ Aljazeera

Leave a Reply

Your email address will not be published. Required fields are marked *