အကြမ်းဖက်စစ်အုပ်စုရဲ့ ဗိုလ်မှူးတစ်ဦး ၊ဗိုလ်ကြီးတစ်ဦး နဲ့ တပ်ကြပ်ကြီးတစ်ဦးတို့ကို ကာကွယ်ရေးတပ်ကဖမ်းဆီးရမိ။

အကြမ်းဖက်စစ်အုပ်စုရဲ့ ဗိုလ်မှူးတစ်ဦး ၊ဗိုလ်ကြီးတစ်ဦး နဲ့ တပ်ကြပ်ကြီးတစ်ဦးတို့ကို ကာကွယ်ရေးတပ်ကဖမ်းဆီးရမိ။

By – ထက်မြတ်
Date – June 4, 2026

မကွေးတိုင်း ၊ နတ်မောက်မြို့နယ်က လမ်းပိုင်းတစ်နေရာမှာ သရက်ခရိုင်အမှတ် (၃) ငါးပြေမတပ်ရင်းမှ နယ်မြေရှင်းလင်းရေးလုပ်ငန်း နဲ့ လမ်းပိုင်းစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေချိန် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အထက်ပါတပ်ဖွဲ့ဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဖြစ်တဲ့ ဗိုလ်မှူးအောင်ဖြိုးဝေ ၊ဗိုလ်ကြီး ပြည့်စုံအောင် နဲ့ တပ်ကြပ်ကြီး စာရေး မျိုးဦးဟာ ပင်မစစ်လက်နက်သိုလှောင်တပ်ကနေ ကားနဲ့ထွက်လာချိန် နယ်မြေရှင်းလင်း‌ေရးလုပ်‌ေဆာင်‌ေနတဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ တိုးပြီး ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်။

“ပင်မစစ်လက်နက်သိုလှောင်တဲ့တပ်ဗျ၊ကပစတွေထက်အရေးပါတယ်၊မကွေးတိုင်းထဲမှာ အရေးပါဆုံးတပ်ပါဗျ။”

ရွာမွန်ကနေကားနဲ့ထွက်လာချိန် နယ်မြေရှင်းလင်း‌ေရးလုပ်‌ေဆာင်‌ေနတဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ တိုးပြီး ဖမ်းဆီးခံလိုက်ရတာပဲ ဖြစ်ပါတယ်။

“သူတို့ထွက်လာတဲ့ ပင်မစစ်လက်နက်သိုလှောင်တဲ့တပ်က ကပစတွေထက်အရေးပါတယ် မကွေးတိုင်းထဲမှာ အရေးပါဆုံးတပ်ပါဗျ ဖမ်းဆီးချိန်မှာလည်း ပြန်လည်ခုခံတာတော့မရှိပါဘူး။ဖမ်းဆီးမိတဲ့နေရာကိုတော့ လုံခြုံရေးအရ မထုတ်ပြန်ပါဘူးဗျ”လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ခံဆီက သိရပါတယ်။

၎င်းတို့ နဲ့အတူ 9MM HPFN Brown;Pistol (၁၉)လက်၊ ကျည်ဘောက် (၃၈)ခု၊ ကား (၁)စီး ၊ ဖုန်း (၃)လုံးတို့ကိုသိမ်း ပိုက်ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ဗိုလ်မှူးအောင်ဖြိုးဝေ ၊ဗိုလ်ကြီး ပြည့်စုံအောင် နဲ့ တပ်ကြပ်ကြီး စာရေး မျိုးဦးတို့ ၃ ဦးကိုလုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားပြီး ၎င်းတို့ကို မကွေးတိုင်းရုံးရဲ့ ညွှန်ကြားချက်အတိုင်းလုပ်‌ေဆာင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါလမ်းပိုင်းစစ်ဆေးရေးလုပ်ငန်းများကို ငါးပြေမပြောက်ကျားတပ်ဖွဲ့ နဲ့အတူ Aung San’s Land – Natmauk အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *