မြန်မာဘက်ကနယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ တရုတ်၃ဦး ထိုင်းဘက်ခြမ်းမှာ အကြမ်းဖက်မှုဆိုင်ကယ်လုမှုနဲ့ဖမ်းဆီးခံရ

မေ ၅၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ ဖုဖရမြို့နယ် ရွမ်ထိုင်းဖတ်ထနာကျေးရွာအုပ်စုရှိ ဘန်ဆပ်အနန် – ဘန်ဖဒီလမ်းပိုင်း တွင် ဇွန်လ ၄ ရက် ညနေပိုင်းက ဖုဖရမြို့နယ်မှာ ရဲကင်းလှည့်ကားကို ဖျက်ဆီးပြီး ဒေသခံတစ်ဦးရဲ့မော်တော်ဆိုင်ကယ်ကို လုယူခဲ့တဲ့ တရုတ်နိုင်ငံသား၃ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းတွေထုတ်ပြန်ချက်အရသိရပါတယ် ။

ဖုဖရမြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးချက်အရ
မြန်မာနိုင်ငံဘက်အခြမ်းမှ ထိုင်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၃ဦးက သစ်သားတုတ်များ၊ ကျောက်ခဲများနဲ့ ရဲကင်းလှည့်ကားမှန်များကို ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းစဥ် ရဲတပ်ဖွဲ့၊ ရပ်ရွာခေါင်းဆောင်များနဲ့ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး လိုက်လံဖမ်းဆီးရာမှာတော့ တရုတ်နိုင်ငံသား ယန်လူတာ (အသက် ၂၈ နှစ်)၊ ဖုန်းကျင်းတောင် (အသက် ၃၁ နှစ်) နှင့် ဟူပန် (အသက် ၃၂ နှစ်) တို့ကို ဖမ်းဆီးရမိခဲ့ တာလို့ သိရပါတယ်။

ဖုဖရမြို့နယ် ရဲစခန်းက ကနဦး စစ်ဆေးချက်များအရတရုတ်နိုင်ငံသား ၃ ဦးသည် မြန်မာဘက်ခြမ်းတွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ခံရပြီးနောက် ထွက်ပြေးကာ ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာခဲ့ကြောင်း၊ ထို့နောက် မဲဆောက်မြို့သို့ ဆက်လက်သွားရောက်လိုသော်လည်း ငွေကြေးမရှိကြောင်း ထွက်ဆိုဝန်ခံချက်များအရ သိရပါတယ်။

လက်ရှိမှာတော့ ဖုဖရရဲတပ်ဖွဲ့က ၎င်းတို့ ၃ဦးအား ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားများအဖြစ် စွဲချက်တင်ထားပြီး ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်နဲ့ ဆက်စပ်နေသော အခြားအချက်အလက်များကို ဆက်လက်စုံစမ်းစစ်ဆေးကာ ထိုင်းဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ထိုင်းသတင်းဌာနများ ထုတ်ပြန်ရေးသားချက်များအရသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *