Photos
အကြမ်းဖက်စစ်တပ်က ဝေါလေစစ်ဗျူဟာကုန်းမကျရေး လေကြောင်းစစ်ကူနဲ့ နေ့ရောညပါ ခုံခံနေရ
_
By – People’s Radio Myanmar
Date – 4 April 2026
ကရင်ပြည်နယ် အကြမ်းဖက်စစ်တပ်က KNU တပ်မဟာ၆ နယ်မြေအတွင်း ကျန်ရှိနေတဲ့ ဝေါ လေ စစ်ဗျူဟာစခန်းကို မတ်လ၃၀ ရက်ကစပြီး KNLA မဟာမိတ်တပ်ပေါင်းစုတွေ ပိတ်ဆို တိုက်ခိုက် လိုထီးသဲလယ်ကာကင်းစခန်း ကုန်းကို KNLA ဘက်က သိမ်းပိုက်ရရှိထားပါတယ်။
ဒါအပြင်ဝေါလေ စစ်ဗျူဟာပင်မကုန်းကို ဆက်ပြီးပိတ်ဆို ဝိုင်းပတ်တိုက်ခိုက်နေတာမှာ စစ်စခန်းမကျ ရေး လေကြောင်းက ဗုံးကြဲ တိုက်ခိုက်တာအပြင် ဂျက်တိုက်လေယဉ်တွေနဲ့ မီးလာင်ဗုံးကြဲပြီး တိုက်ပွဲဧရိယာမဟုတ်တဲ့ကျေးရွာတွေ ဧပြီလ၁ရက်ကစပြီး မီးရှိဖျက်ဆီးနေတယ်လို စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က ထီးသဲလယ် စခန်းကုန်ကျတယ်၊ ပြီးတာနဲ့ လေယာဉ်က ထီးသဲလယ်ရွာကို ဗုံးကြဲ ချတော့ဘဲ၊ တစ်ရွာလုံးအိမ် ကောင်းမကျန်တော့ဘူး၊ မနေ့ကဆို ထီးညလိ့ ရွာက ကရင်ဘုန်းကြီး ကျောင်းကြီးကို ညနေပိုင်းမှာမီးလောင်ဗုံးကြဲချပလိုက်တာ အခု ၄ ရက်မနက်မှာပြာပုံ ဖြစ်သွားပြီ၊ တစ်နေ့လုံးတစ်ညလုံး လေယဉ်စစ်ကူဘဲကြဲနေတာ” လို ထိုင်းနိုင်ငံဘက်ရှောင်နေရတဲ့ ဒေသခံအမျိုးသမီးက ပြောပါတယ်။
ဒါအပြင် စစ်တပ်ဗျူဟာကုန်းမှာ လက်နက်နဲ့ ခဲယမ်းရိက္ခာပြတ်တောက်နေတာကို လေကြောင်းက Y12 လေယာဉ်နဲ့ ရိက္ခာခဲယမ်းနဲ့ ဒရုန်းလက်နက်ပစ္စည်းတွေ လေထီးနဲ့ ကြဲချပိုပေးနေတယ်လို သိရပါတယ်။
” လေယာဉ်နဲ့ မြေပြင်တိုက်နေရသလိုဖြစ်နေတယ်၊ စခန်းကုန်းမကျဖို လေယာဉ်ကပတ်ကြဲနေရတယ်၊ တစ်စီးတက်တစ်စီးဆင်းဘဲ၊ ပြီးတော့ မြဝတီဘက်ကနေ ကာမီကာဇေဒရုန်းတွေ နဲ့ လွှတ်တိုက်တယ်၊ မစ်ဇိုင်းတွေပစ်ကူနေတယ်၊ အခုဆို ၃ရက်ရှိပြီတိုက်နေကြတာ” လိုပြောပါတယ်။
ဒီကနေ့မနက်ပိုင်းမှာလည်း စစ်တပ်စခန်းကုန်ဘက်နဲ့ KNLA တပ်နေရာတွေ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်တာမျိုး ဆက်ရှိနေပြီး စစ်အုပ်စုဘက်က ဖလူးကျေးရွာ၊ မင်းလက်ပံကျေးရွာဘက်ကို စစ်ဆင်တိုက်ခိုက်ပြီး ဝေါလေဘက်ကိုမြေပြင်စစ်ကူ ရောက်ရှိရေးထိုးဖောက်တိုက်ခိုက်နေပေမယ့် နောက်ချန် KNLA စစ်ကြောင်းတွေက ဖြတ်တောက်တိုက်ခိုက်နေလို တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို သိရပါတယ်။