Mobile uploads
အာချောင်လို့ ၂ ပွဲပယ်ခံလိုက်ရတဲ့ အန်ဇိုဖာနန်ဒက်
By – Lin Kha
Date – 4 April , 2026
ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက် ဟာ နိုင်ငံတကာပွဲစဉ် ကစားနေစဉ် ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ချင်ကြောင်း အင်တာဗျူး မှာဖြေကြားခဲ့လို့ ချယ်ဆီးအသင်းရဲ့အရေးယူခြင်းကိုခံလိုက်ရပါတယ်။
ချယ်ဆီးအသင်းဟာ နည်းပြသစ် လီယန်ရိုဆင်ညာ လက်ထက်မှာ ရလဒ်တွေဆက်တိုက်ဆိုးရွားနေပြီး အသင်းကခက်ခဲနေတဲ့အချိန်မှာ အသင်းရဲ့ဒုတိယအသင်းခေါင်းဆောင်က အသင်းပြောင်းရွှေ့ချင်ကြောင်း ဖြေကြားခဲ့တာကြောင့် အသင်းက ခုလိုအရေးယူ ခဲ့တာဖြစ်ပါတယ်။
အန်ဇိုဖာနန်ဒက်ကို ချယ်ဆီးက ၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်ပြီး ပေါ့ဗေးနဲ့ ကစားမဲ့ FA ဖလားပွဲစဉ်နဲ့ မန်စီးတီးအသင်းနဲ့ကစားမဲ့ ပရီးမီးယားလိဒ် ပွဲစဉ် စုစုပေါင်းပွဲစဉ် ၂ ပွဲကို လွဲချော်မှာပဲဖြစ်ပါတယ်။
ခုလို ပွဲပယ်ခံလိုက်ရတာနဲ့ပတ်သတ်ပြီး အန်ဇိုဖာနန်ဒက် ကကျေကျေနပ်နပ် လက်ခံပေမဲ့ ပြစ်ဒဏ်ကတရားမျှတမှုမရှိကြောင်း အန်ဇိုရဲ့ အေးဂျင့်က ဖြေကြားခဲ့ပါတယ်။