Photos
ပဋိပက္ခတွေအကြား အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ မြန်မာကလေးသူငယ်တွေကို တရုတ်အစိုးရက ထောက်ပံ့
4 April 2026
မြန်မာပြည်တွင်းကပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေ၊ စီးပွားရေးအခက်အခဲတွေနဲ့အတူ ထပ်တလဲလဲ ဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်ရင်ဆိုင်နေကြရတဲ့ ကလေးသူငယ်တွေနဲ့ သူတိုရဲ့မိသားစုတွေအတွက် တရုတ်အစိုးရက ပံ့ပိုးကူညီပေးထားတယ်လို ကုလသမဂ္ဂ ကလေးသူငယ်များရံပုံငွေအဖွဲ (ယူနီဆက်) က ဧပြီလဆန်းပိုင်းက သတင်းထုတ်ပြန်ပါတယ်။
တရုတ်အပြည်ပြည်ဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA) ကတဆင့် Global Development South-South Cooperation Fund (GDF) ကနေ ပံ့ပိုးပေးထားတာဖြစ်ပြီး ပမာဏဖော်ပြထားတာ မရှိပါဘူး။
ကချင်နဲ့ ရှမ်းပြည်နယ်က ကာလရှည်ကြာနေရပ်စွန့်ခွာရသူတွေ၊ ငလျင်ဒဏ်ခံစားခဲ့ရသူတွေအတွက် ရေ၊ ပတ်ဝန်းကျင်နဲ့ တကိုယ်ရည်သန့်ရှင်းရေး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနဲ့ မသန်စွမ်း ကလေးသူငယ်အကူအညီပေးရေးတွေအပါအဝင် ဘက်စုံလွှမ်းခြုံနိုင်မယ့် အသက်ကယ်ဝန်ဆောင်မှု စတဲ့ ခေါင်းစဉ်တွေ ပါဝင်တယ်လို ဖော်ပြထားပါတယ်။
“မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ ကလေးသူငယ်တွေဟာ သူတိုရဲ့လုံခြုံရေး၊ ကျန်းမာပျော်ရွှင်ရေးနဲ့ အနာဂတ် ကိုထိခိုက်စေတဲ့ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေကနေ ရာသီဥတုဆိုင်ရာဘေးအန္တရာယ်တွေအထိ ထပ်ဆင့်ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းမျိုးစုံကြားမှာ ကြီးပြင်းနေရပါတယ်” လို မြန်မာနိုင်ငံဆိုင်ရာ ယူနီ ဆက် ဌာနေကိုယ်စားလှယ် မစ္စတာ ယာဆူမာဆာ ကီမူရာ (Yasumasa Kimura) က ပြောကြားထား ပါတယ်။
“အခက်အခဲတွေကိုရင်ဆိုင်နေရတဲ့ ကလေးသူငယ်တွေနဲ့ မိသားစုတွေအပြင် မသန်စွမ်းသူတွေအတွက်ပါ သန့်ရှင်းသောရေ၊ ကာကွယ်စောင့်ရှောက်မှုနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို ကူညီ ပေးသွားမှာ ဖြစ်ပါတယ်။ ဘယ်ကလေးသူငယ်ကိုမှ နောက်ချန်မထားခဲ့ပါဘူး။” လို မစ္စတာ ယာဆူမာဆာ ကီမူရာ က ဆက်ပြောထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေတဲ့ ကလေးသူ ငယ် ၆ သန်းကျော်ရှိတယ်လို ယူနီဆက်က ဖော်ပြထားပါတယ်။
#peopleradiomyanmar