လီဗာပူးနည်းပြသစ်ဖြစ်လာတော့မဲ့ အိုင်ရာအိုလာ

By – Lin Kha

လီဗာပူးအသင်းဟာ ဘုန်းမောက်နည်းပြဟောင်း အိုင်ရာအိုလာကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ သဘောတူညီမှုရသွားပြီးဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
လီဗာပူးအသင်းဟာ ၂၀၂၅-၂၆ ဘောလုံးရာသီမှာရလဒ်တွေ မတည်ငြိမ်မှုများခဲ့လို့ ရာသီကုန်မှာ အဆင့် ၅ နေရာကို ရောက်ရှိခဲ့ပါတယ်။
နည်းပြ စိတ်တိုင်းကျ ထိပ်တန်းကစားသမားသစ်တွေကို ခေါ်ယူအားဖြည့် ပေးခဲ့ပေမဲ့ ရလဒ်တွေဆိုးရွား ခဲ့တာကြောင့် နည်းပြ အာနေးစလော့ကို ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။
စပိန်နည်းပြ အိုင်ရာအိုလာ ဟာ ဘုန်းမောက်အသင်းကို နောက်ဆုံး ၁၈ ပွဲဆက် ရှုံးပွဲ မတွေ့အောင်စွမ်းဆောင်ပေးနိုင်ခဲ့သလို အသင်းသမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် ယူရိုပါလိဒ် ပြိုင်ပွဲ ဝင်ခွင့်ရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အိုင်ရာအိုလာဟာ ဘုန်းမောက်အသင်းမှာ ၃ ရာသီကြာကိုင်တွယ်ခဲ့ပြီ အသင်းရဲ့ဘဏ္ဌာရေးအခြေအနေ အရ အဓိက ကစားသမားတွေကို အကြိမ်ကြိမ်ရောင်းထုတ်ခဲ့ရပေမဲ့ အသင်းတည်ငြိမ်အောင် အကောင်းဆုံး ထိန်းကျောင်းပေးနိုင်ခဲ့ပါတယ်။
အသက် ၄၃ နှစ်အရွယ် အိုင်ရာအိုလာဟာ ထိပ်တန်းအသင်းကြီးတွေကို ကိုင်တွယ်ဖူးခြင်းမရှိတာကြောင့် သံသယရှိသူတွေရှိပေမဲ့ သူ့ရဲ့အရည်အသွေးကို လာမဲ့ရာသီမှာ မျက်ဝါးထင်ထင်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။
ထွက်ပေါ်လာတဲ့သတင်းတွေအရ လီဗာပူးအသင်းဟာ အိုင်ရာအိုလာကို ၂ နှစ်စာချုပ် ချုပ်ဆို သွားမှာဖြစ်ပြီ မကြာမှီ တရားဝင်ကြေငြာသွားမှာဖြစ်ပါတယ်။
ဓါတ်ပုံ – လူမှုကွန်ရက်

Leave a Reply

Your email address will not be published. Required fields are marked *