Photos
မုဒုံမြို့နယ်အမှတ်(၈)လမ်းမကြီးမှာ ကုန်ကားပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံးကာ အမျိုးသမီးတဦး ဒဏ်ရာရ
By – သူတိုးစံ
Date – April 6, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ် အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်မှာ ငပိတင်ဆောင်လာတဲ့ ကုန်တင်ယာဉ်ပစ်ခတ်ခံရ တဲ့အတွက် ယာဉ်မောင်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၄ ရက် ညနေ ၅ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားနေတဲ့ အမှတ်(၈)ပြည်ထောင်စုလမ်းပေါ်မှာ ရောင်းဒေါင်းကျေးရွာအနီး ကုန်တင်ယာဉ်က ဖြတ်မောင်းနှင်လာတဲ့အချိန် ပစ်ခတ်ခံရတာပါ။
အဲဒီပစ်ခတ်မှုကြောင့် ယာဉ်မောင်းသေဆုံးကာ အတူပါလာတဲ့ အမျိုးသမီးတဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ ဒေသခံတဦးက PRM ကို ပြောပါတယ်။
“ဖြတ်မောင်းတဲ့အချိန် ပစ်ခံထိသွားတာပါ၊ နှစ်ဦးစလုံးထိသွားတယ်၊ ဆုံးသွားတာ ယာဉ်မောင်း၊ အဲဒီမှာ တိုက်ပွဲ ဖြစ်နေတဲ့အချိန်လို့ပဲ သိထားတာ သူတို့ မောင်းနှင်လာတဲ့အချိန်ကလေ” လို့ ပြောပါတယ်။
ပစ်ခတ်ခံရမှုကြောင့် ရန်ကုန်တိုင်း နေထိုင်သူ အသက် ၃၅ နှစ်အရွယ် ယာဉ်မောင်း ကိုအောင်သူဝင်း ပွဲချင်းသေဆုံးခဲ့ပြီး အတူပါလာတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတဦး ကျည်ရှပ်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို မသိရသေးပေမဲ့ ပစ်ခတ်မှုဖြစ်တဲ့အချိန်က နှစ်ဖက်တပ်တွေက အပြန်အလှန်ပစ်ခတ်နေကြတယ်လို့ ဆိုပါတယ်။
“စစ်တပ်ကား မောင်းလာတော့ ဒီဘက်က ပြန်ပစ်တာ၊ စစ်ကားကလည်း ပြန်ပစ်တော့ ဘယ်သူပစ်လို့ ပစ်မှန်းမသိဘဲ အရပ်သားထိခိုက်သေဆုံးရတာပေါ့” အထက်ပါဒေသခံက ဆက်ပြောပါတယ်။
ယခုပစ်ခတ်မှုဖြစ်တဲ့နယ်မြေဟာ မွန်ပြည်သစ်စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD/ RMA ရာမညမွန်တပ်တော်အပါအဝင် တော်လှန်ရေးအဖွဲ့အချို့က လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။
ရန်ကုန်-မော်လမြိုင်-တနင်္သာရီ အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းမှာ အရပ်သားယာဉ်တွေ မကြာခဏပစ်ခတ်ခံရလေ့ရှိပြီး အဲဒီပစ်ခတ်မှုကို နှစ်ဖက်စလုံးက ကျူးလွန်နေတာ ရှိတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – စစ်တပ်ထောက်ခံလူမှုကွန်ရက်
ပုံစာ – ပစ်ခတ်ခံရတဲ့ ကုန်တင်ယာဉ်မောင်းအမျိုးသား