Photos
Photos
Photos
စစ်အုပ်စုရဲ့ ဝေါလေစစ်ဗျူဟာစခန်းကုန်းမကျရေးလေကြောင်းက ဗုံးကြဲခုံခံပြီး အရပ်သားနေအိမ်တွေပါ ဗုံးကြဲချနေဆဲ
_
By – People’s Radio Myanmar
Date – 6 April 2026
ကရင်ပြည်နယ် KNU တပ်မဟာ၆ နယ်မြေထဲက ဝေါလေမြိုင်မြိုသစ် မှာ စစ်အုပ်စုရဲ့ နောက်ဆုံးကျန်ရှိ နေတဲ့ ဝေါလေစစ်ဗျုဟာစခန်းကို မတ်လ၃၀ ရက်က KNLA မဟာမိတ်ပူးပေါင်းတပ်တွေ စစ်ဆင်တိုက်ခိုက်လို စခန်းမကျရေး လေကြောင်းကဗုံးကြဲခုခံနေရပြီး တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ လူနေရပ်ကွက်တွေဘုန်းကြီးကျောင်းတွေကိုပါ မီးလောင်ဗုံးကြဲဖျက်စီးနေတယ်လို ဝေါလေဒေသခံတွေက PRM ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ၃၀ ရက်ကနေ တိုက်ပွဲစဖြစ်နေတဲ့ ဝေါ လေစစ်စခန်းနေရာအနီးတစ်ဝိုက်က ထီးသဲလယ်စစ်အုပ်စုကာကင်းကုန်းကို ဧပြီလ ၂ရက်ကလက်လွတ်ရပြီး နောက်ပိုင်းလေကြောင်းစစ်ကူခေါ်ယူပြီး ဗုံးအဆက်မပြတ်ကြဲချနေတာလို ဝေါလေဒေသခံအမျိုးသမီးက ပြောပါတယ်။
ဗျူဟာကုန်းကို အရတက်နေတာကရင်အဖွဲတွေထီးသဲလယ်ကိုရပြီးရှေ့တိုးလာလိုမရအောင်လေယာဉ်ကဆက်တိုက်ကြဲနေတာ၊ဗျူဟာနားကပ်မရအောင်၊ ၅ရက်လောက်ရှိပြီ ဝေါလေထီးညလိဘုန်းကြီးကျောင်းရော၊ DKBA အဖိုးနုတ်ခမ်းမွှေးနေခဲ့တဲ့အိမ်ကြီးကုန်းရော၊ရပ်ကွက်ထဲကအိမ်တွေရောမီးလောင်တာနဲ့ ၊ပျက်ကုန်တာနဲ့ အိမ်အလုံးလိုက်တွေပွင့်ထွက်ကုန်တာလေ၊ပေါင် ၅၀၀တွေကြဲတာဒရုန်း တွေနဲ့ ကြဲတာ ၊Y12 တွေ နဲ့ကြဲတာ ” လိုပြောပါတယ်။
ဝေါလေတိုက်ပွဲ ၈ရက်ရှိလာချိန်အထိ စစ်တပ်ဗျူဟာစခန်းမှ ခုခံပစ်ခတ်မှုလျှော့နည်းလာနေပေမယ့်လေယာဉ်အဆက်မပြတ်ပျံသန်းပစ်ကူပေးခုခံတာနဲ့ မြဝတီ ခလရ၂၇၅၊ လက်ခတ်တောင်ဘက်မှ ပစ်ကူပေးနေသည့် ဒရုန်းနဲ့ မစ်ဇိုင်းတွေကို ရှောင်ကွင်းပြီး KNLA မဟာမိတ်တပ်တွေ ဝိုင်းပတ်ပိတ်ဆိုတိုက်ပွဲဆက်ဖြစ်နေတယ်လို သိရပါတယ်။
အခုလို ရက်ဆက်ပြီး တိုက်ပွဲဖြစ်နေလို ဝေါလေ၊ ထီးသဲလယ်၊ ထီးညလိ့၊ ဂျပန်အိမ်ယာဘက်က ဒေသခံနှစ်ထောင်ကျော် ထိုင်းနိုင်ငံစစ်ဘေးရှောင် နေထိုင်နေရပြီး ထိုင်းစစ်တပ်က မြန်မာနယ်စပ် ဝေါစစ်ဗျူဟာစခန်းတိုကိပွဲကိုစောင့်ကြည့်နေတယ်လို သိရပါတယ်။