Mobile uploads
နောက်ဆုံး ၂ပွဲဆက် ရှုံးနိမ့်ပြီး ဖလား ၂လုံးလက်လွှတ်လိုက်ရတဲ့ အာဆင်နယ်
By – Lin Kha
Date – April 6,2026
ကြားဖြတ်နိုင်ငံတကာ ပွဲစဉ်တွေမစတင်မှီမှာ အာဆင်နယ်အသင်းဟာ ပြည်တွင်းဖလားတစ်ခုဖြစ်တဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တာကြောင့် ဖလားတစ်လုံး ဆုံးရှုံးခဲ့ပါတယ်။
ကာရာဘောင်းဖလားဗိုလ်လုပွဲအပြီးမှာ ကြားဖြတ် နိုင်ငံတကာပွဲစဉ်တွေ ဝင်ရောက်လာတာကြောင့် လိဒ်ပွဲစဉ်တွေ ခေတ္တ ရပ်နားခဲ့ရပါတယ်။
နိုင်ငံတကာပွဲစဉ် ရှိတဲ့ ရက်သတ္တပတ် မှာ အာဆင်နယ် ကစားသမားအများစုဟာ ဒဏ်ရာပြသနာအကြောင်းပြပြီး လက်ရွေးစင်ပွဲစဉ်တွေကို မကစားခဲ့ကြပဲ အသင်းစီ ပြန်လာခဲ့ကြလို့ ဝေဖန်ခံထိခဲ့ကြပါတယ်။
နိုင်ငံတကာပွဲစဉ်တွေပြီးဆုံးတဲ့နောက်မှာ အာဆင်နယ်ဟာ FA ဖလားကွာတားဖိုင်နယ်အဖြစ် ချန်ပီယံရှစ်ကလပ် ဆောက်ဟမ်တန် ရဲ့ စိန့်မေရီကွင်းမှာ ကစားခဲ့ပါတယ်။
ဆောက်ဟမ်တန်နဲ့ ပွဲစဉ်မှာလည်း အာဆင်နယ်တို့ရုန်းကန်ခဲ့ရပြီး ပွဲချိန် ၃၅ မိနစ်မှာပဲ ပြိုင်ဘက် တိုက်စစ်မှူး စတီးဝပ်က ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။
ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရပြီးနောက်မှာ အာဆင်နယ်တို့ အဓိက ကစားသမားတွေထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့လို့ ပွဲချိန် ၆၈ မိနစ်မှာ ချေပဂိုးရရှိခဲ့ပြီး တိုက်စစ်မှူး ဗစ်တာ ယော်ကာရက်ဇ်က သွင်းယူခဲ့ပါတယ်။
အဓိက ကစားသမားတွေဝင်လာပြီးနောက်မှာ အာဆင်နယ်အသင်း ကစားပုံံံံံံံံကောင်းလာပေမဲ့ တကယ်တမ်းဂိုးရသွားတာကတော့ ဆောက်ဟမ်တန်အသင်းပါ။ ပွဲချိန် ၈၅ မိနစ်မှာ လူစားဝင်ကစားသမား ချားလတ်စ်က ဆောက်ဟမ်တန်အတွက် တန်ပြန် တိုက်စစ်ကနေ အနိုင်ဂိုးသွင်းယူပေးသွားခဲ့ပါတယ်။
သွင်းဂိုးခွင့်ပြုလိုက်ရပြီးနောက်မှာ အာဆင်နယ်တို့ တိုက်စစ်ဖွင့်ကစားခဲ့ပေမဲ့ ကစားသမားတွေက အဆုံးသတ်ညံ့ဖျင်းနေခဲ့တာကြောင့် ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
ယခု ရှုံးပွဲကြောင့် အာဆင်နယ်အသင်းဟာ FA ဖလားကိုလက်လွှတ်လိုက်ရပြီဖြစ်ပြီး နောက်ဆုံး ၂ ပွဲ ဆက် ရှုံးနိမ့်မှုကြောင့် ဖလား ၂ လုံးကို ဆက်တိုက် လက်လွှတ်လိုက်ရပါတယ်။
ပရီးမီးယားလိဒ်မှာ ၉ မှတ်ဖြတ်ပြီးဦးဆောင်နေသလို ချန်ပီယံလိဒ်မှာလည််််််းကွာတားဖိုင်နယ်ကိုရောက်ရှိနေတဲ့ အာဆင်နယ်ဟာ ဖလား ၄ လုံးမှာ ၂ လုံးကို လက်လွှတ်လိုက်ရပေမဲ့ ပရီးမီးယားလိဒ်နဲ့ ချန်ပီယံလိဒ်မှာ အခြေအနေ ကောင်းနေလို့ ကျန် ၂လုံးကို မျှော်လင့်လို့ရနိုင်ပါသေးတယ်။