Mobile uploads

Mobile uploads
Mobile uploads
ကမ္ဘာ့ဖလားနဲ့ ၃ကြိမ်ဆက်လွဲချော်သွားပြီဖြစ်တဲ့ ချန်ပီယံဟောင်း

By-Lin Kha

ကမ္ဘာ့ဖလားကို ၄ ကြိမ်တိတိ ရရှိထားဖူးတဲ့ အီတလီအသင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ဘော့စနီးယားအသင်းနဲ့ playoffs ပွဲစဉ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ကမ္ဘာ့ဖလားဝင်ခွင့်နဲ့လွဲချော်ခဲ့ပြီဖြစ်ပါတယ်။

ဒီလွဲချော်မှုဟာ ၃ကြိမ်ဆက် လွဲချော်မှုဖြစ်ပြီး ၂၀၁၈,၂၀၂၂ နဲ့ ၂၀၂၆ ၃ နှစ်ဆက်လွဲချော်မှုလည်းဖြစ်ပါတယ်။ ၃ ကြိမ်စလုံးမှာ အီတလီဟာ playoffs အဆင့်မှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ၂၀၁၈ မှာတုန်းက ဆွီဒင်ကိုရှုံးနိမ့်သလို ၂၀၂၂ ကမ္ဘာ့ဖလား မှာလည်း မြောက်မက်ဆီဒိုးနီးယားကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ယခုနှစ်ကမ္ဘာ့ဖလားကို လည်းအီတလီအသင်းအားခဲ ထားပေမဲ့ ဘော့စနီးယားအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်မှာရှုံးနိမ့်ခဲ့ ပြန်တာကြောင့် ကမ္ဘာ့ဖလားမျှော်လင့်ချက် အဆုံးသတ်ခဲ့ရပါတယ်။

ဒီနေ့ပွဲစဉ်မှာ အီတလီဟာ အစကောင်းခဲ့ပြီး ပွဲချိန် ၁၅ မိနစ်မှာ သွင်းယူခဲ့တဲ့တိုက်စစ်မှူး မွိုက်ဆီကိန်း ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲစဉ်ကိုအလှည့်အပြောင်းဖြစ်စေခဲ့တာကတော့ ပွဲချိန် ၄၁ မိနစ်မှာ နောက်ခံလူ ဘတ်စတိုနီ အနီကဒ် ထိခဲ့ပြီး ဒုတိယတစ်ပိုင်းလုံးကို တစ်ယောက်လျော့နဲ့ အီတလီတို့ ကစားခဲ့ရပါတယ်။

အီလီတို့ တစ်ယောက်လျော့နဲ့ ပွဲချိန်အတော်များများကိုတောင့်ခံနိုင်ခဲ့ပေမဲ့ ပွဲပြီးခါနီး ၁၀ မိနစ်အလိုမှာ ချေပဂိုး ခွင့်ပြုလိုက်ရပြီး ပွဲချိန်အတွင်းသရေကျခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ် ကိုခံယူခဲ့ရပါတယ်။

ပယ်နယ်တီအဆုံးအဖြတ်မှာ အီတလီအသင်းက တိုနာလီ တစ်ယောက်တည်းသာ ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ အီတလီ အသင်း ၃ကြိမ်ဆက်လွဲချော်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *