Photos
ကရင်ပြည်နယ် စစ်အုပ်စုက မြဝတီအာရှလမ်းကိုဒေသခံအရပ်သားအိမ်စီးကားတွေပေးသွားပြီး ဓါးစာခံလုပ်လမ်းပြန်ဖွင့် ဖို့ပြင်ဆင်နေ
_
By – People’s Radio Myanmar
Date – 1 April 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီ-ကော့ကရိတ် အာရှလမ်းကို ကရင်ပြည်နယ် စစ်အုပ်စုက ဧပြီလ ၂ရက်နေ့မှာပြန်ဖွင့်ပေးပြီး ဒေသခံအိမ်စီးကားတွေကို ဖြတ်သန်းသွားလာခွင့်ပေးသွားမယ်လို့ စစ်တပ်ထောက်ခံသူတွေက သတင်းဖြန့်ဝေနေပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ် စစ်အုပ်ကလည်း ဧပြီလ ၂ရက်နေ့မှာ အာရှလမ်း စတင်ဖောက်လုပ်တဲ့ နေရာ လွန်းညရွာမှာ အာရှလမ်းပြန်ဖွင့် ပွဲပြုလုပ်မယ့်အစီအစဉ်ကို အားလုံးတက်ကြဖို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေကိုညွန်ကြားချက်ထုတ်ပြန်ထားပါတယ်။
” ပြည်နယ် စစ်တပ်လူကြီး တွေ က လွန်းညမှာလမ်းပြန်ဖွင့်ပွဲလုပ်မယ်၊ မြဝတီဘက် အာရှလမ်းကိုပရိတ်ရွတ်မယ်၊ အိမ်စီးကားတွေပေးဆင်းမယ် ဆို တော့ အရပ်သားကိုဓါးစားခံပေးလုပ်တာဘဲ လေ၊ ကရင်အဖွဲ့ တွေ ပစ်ရင် အရပ်သားကို လုပ်တယ်ဆိုပြီးတံဆိပ်ကပ်မယ်၊သူတို့ကတော့မသွားရဲကြဘူး လေ၊ကုန်ကားသမားတွေလည်းမသွားရဲ ကြ ဘူး” လို့ ပြောပါတယ်။
အခုလတ်တလော အွန်လိုင်းမှာတာ့ မြဝတီမြို့ခံတွေ အာရှလမ်းပြန်ဖွင့်ပြီး သွားလာလို့ ပြန်ရတော့မယ်သတင်းတွေကိုပိုစ့်တင်မျှဝေနေကြပါတယ်။
လက်ရှိမှာတော့ ကော့ကရိတ်၊ ကျုံဒိုးလမ်းပိုင်းနေရာ တွေမှာ စစ်အုပ်စုတပ်တွေကို KNLA မဟာမိတ်တပ်တွေက ပျောက်ကျားတိုက်ခိုက်တာတွေ နေ့တိုင်းရှိနေလို့ စစ်အုပ်စုတပ်က လက်နက်ကြီးဒရုန်းတွေနဲ့ ကျေးရွာတွေဘက်ကို ရမ်းသန်းပစ်ခတ်နေရတာမျိုးဆက်ပြီးရှိနေပါတယ်။
အခုလို အာရှလမ်းပြန်ဖွင့်မယ့်သတင်းတွေဖြစ်ပေါ်နေတာနဲ့ပတ်သက်ပြီး KNU ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ KNLA မဟာမိတ်တပ်ဖွဲ့တွေဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာ၊KNLA စစ်ရေးတာဝန်ရှိသူတွေကသတိပေးပြောဆို မှတ်ချက်ပေးတာမျိုးတော့မရှိသေးပါဘူး။