မလေးရှားနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းတောင်ပိုင်းဒေသတွေမှာ နှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်နိုင်ဖို့ နိုင်ငံရေးအရဖြေရှင်းနိုင်မယ့် နည်းလမ်းသစ်တစ်ရပ်ကို ပြင်ဆင်နေကြောင်း ထိုင်းအစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အကြီးအကဲ သနတ်ဆူဝါနန်နန္ဒာ (Thanut Suvarnananda) က ဆိုပါတယ်။
ထိုင်းတောင်ပိုင်း ပြည်နယ်တွေမှာ၂၀၀၄ ခုနှစ်ကစတင်ပြီး ဖြစ်ပွားလာတဲ့ ပဋိပက္ခတွေအတွင်း လူပေါင်း ၇,၈၀၀ ကျော် သေဆုံးခဲ့တာပါ။
ပဋိပက္ခမှာ ခွဲထွက်ရေးအဖွဲ့ဖြစ်တဲ့ Barisan Revolusi Nasional (BRN) က အဓိက ပါဝင်နေတယ်လို့ ထိုင်းအစိုးရက ပြောဆိုထားပါတယ်။
အထူးသဖြင့် တောင်ပိုင်းဒေသတွေအတွက် သင့်လျော်မယ့်အုပ်ချုပ်ရေးစနစ် အပါအဝင် ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် အာဏာခွဲဝေပေးရေးဆိုင်ရာ နည်းလမ်းများကိုလည်း ရှာဖွေနေကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေး အကြီးအကဲက ဆိုပါတယ်၊။
မလေးရှားနိုင်ငံက ကြားဝင်ကူညီပေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ၂၀၁၃ ခုနှစ်ကတည်းက ပြုလုပ်လာခဲ့ပေမယ့်လည်း ဘန်ကောက် အစိုးရအပြောင်းအလဲ၊ နှစ်ဖက်အဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေနဲ့ ဒေသတွင်း အကြမ်းဖက်မှုတွေကြောင့် အကြိမ်ကြိမ် ရပ်တန့်ခဲ့ရတာပါ။
ကိုးကား – thethaiger
ဓါတ်ပုံ – thethaiger