ပေါလ်ပေါ့ဘာ နဲ့ စာချုပ်ဖျက်သိမ်းချင်နေတဲ့ မိုနာကိုအသင်း

By – Lin Kha
မိုနာကိုကစားသမား ပေါလ်ပေါ့ဘာဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာထပ်ရခဲ့တာကြောင့် မိုနာကိုအသင်းက စိတ်ပျက်လျက်ရှိနေပါတယ်။
ပေါလ်ပေါ့ဘာ ဟာ ၂၀၂၅ ခုနှစ် ဇွန်လ မှာ မိုနာကို အသင်းဆီကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီ တစ်နှစ်အတွင်းမှာ မိုနာကို အတွက် ၆ ပွဲသာကစားထားရပြီ ပွဲအများစုကို ဒဏ်ရာပြသနာကြောင့် လွဲချော်ခဲ့ပါတယ်။
ကစားထားတဲ့ ၆ ပွဲမှာ လည်း ပွဲချိန်ပြည့်တစ်ပွဲမှ မရှိပဲ အချိန်အကြာဆုံးအနေနဲ့ ၅၈ မိနစ် ၁ ပွဲသာ ရှိပြီ ကျန် ၅ ပွဲ တွေဟာ ၂၁ မိနစ် အောက်သာ ကစားထားပါတယ်။ ပေါ့ဘာဟာ မိုနာကိုအသင်းအတွက် ၁၂၁ မိနစ်သာ ကစားထားပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုလည်း ပြုလုပ်ပေးနိုင်ခြင်းမရှိထားပါဘူး။
တချိန်က ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူအနေနဲ့တောက်ပခဲ့တဲ့ ပေါ့ဘာဟာ မန်ချက်စတာ ကထွက်ခွာအပြီးမှာ နာမည်ရော ခြေစွမ်းပါကျဆင်းခဲ့ပြီ အသင်းဟောင်း ဂျူဗင်တပ် ဆီပြန်လည်ပြောင်းရွှေ့ခဲ့ပေမဲ့ တားမြစ်ဆေးသုံးစွဲမိတာကြောင့်ချုပ်ဖျက်သိမ်းခံလိုက်ရပါတယ်။
တားမြစ်ဆေးသုံးစွဲမှုကြောင့် ၄ နှစ်ပွဲပယ်ခံခဲ့ရပြီ အားကစားခုံရုံး(CAS) ကိုအယူခံဝင်ခဲ့တာကြောင့် ၁၅ လအထိ ဖြေလျှော့ခြင်းခံခဲ့ရပါတယ်။ ပွဲပယ်ပြစ်ဒဏ်ပြည့်အပြီးမှာ မိုနာကို နဲ့စာချုပ် ချုပ်ဆိုခဲ့ပြီး ဒဏ်ရာပြသနာတွေနဲ့သာ လုံးပန်းနေတာကြောင့် အသင်းက နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းဖို့ ကမ်းလှမ်းထားပါတယ်။
အသက် ၃၃ နှစ်အရွယ် ကမ္ဘာ့ချန်ပီယံဟောင်းဟာ စောစောစီးစီးပဲ ဘောလုံးလောက ကနေနူတ်ဆက်သွားမလား ပြန်လည်ရုန်းထနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
ဓါတ်ပုံ – Crd⁩

Leave a Reply

Your email address will not be published. Required fields are marked *